ယနေ့ မြန်မာနိုင်ငံသည် ဗဟိုအုပ်ချုပ်မှုနဲ့ အာဏာရှင်စနစ်ကနေ ပါလီမာန်ဒီမိုကရေစီစနစ်သို့  ပြောင်းလဲသွာဖို့ ကျိုးစားနေသည့်နိုင်ငံဖြစ်သည်လို့ ကမ္ဘာကလည်းသိ၊ မြန်မာလည်းသိသည့်အနေအထားဖြစ်ပါသည်။
ထိုအတူ နိုင်ငံရေးအသွင် ပြောင်း ကာလလို့ အာဏာရ ပါတီက ဦးဆောင်တဲ့ အစိုးရသစ် ကဆိုထားသည်။
ဒီတော့ နိုင်ငံရေးအသွင်ကူးပြောင်းေ၇းအတွက် ဘယ်လို အနေအထားနဲ့ အသွင်ပြောင်းခြင်းကို လုပ်ကြမလည်းဆိုတာကို
ကမ္ဘာကလည်း စိတ်ဝင်စားစွာ ၊ စိတ်မောစွာနဲ့ စောင့်ကြည့်နေကြသည်။
ပြည်သူအပေါင်းက လည်း ဟိုဖက်ကြည့်၊ ဒီဖက်ကြည့်၊ ကိုယ်ကိုကိုယ်ကြည့် နဲ့ ဘယ်လို ဘယ်ပုံနဲ့ နိုင်ငံအသွင်ပြောင်းကာလတွင် ထမ်းဆောင်ရမဲ့ တာဝန်ကို မည်သို့ တာဝန်ယူပြီးတော့ စုပေါင်း ၀ိုင်းဝန်ကြရမည်လားဆိုတဲ့ အသိတွေအမြင်တွေ ကာ ကောင်း စွာသိမြင်ခြင်းမရှိသလို၊ အားလုံး ဝှေ့ ဝါး ရှုတ်ထွေး စွာနေရှိကြပါသည်။
ဒီအတွက်ကြောင့်လည်း မြန်မာနိုင်ငံရဲ့  ၇၀ ရာခိုင်နုန်းသော နိုင်ငံသားတို့ သည် ကိုယ်မိသားရေး၊ ကိုယ်အရေးကပထမဖြစ်ရမည် ဆိုတဲ့အတွေးတွေနဲ့ အတူး မြန်မာနိုင်ငံရေး အသွင်ပြောင်းကာလတွင်လို အပ်သော အခင်းအကျင်းကို ဖေါ်ဆောင်ရန်အတွက်၊ အဓိက အင်အားစုများမှာ မပါ
ဝင်လာကြတော့သလို ဖြစ်စဉ်ရဲ့ စည်းဝိုင်းဘေးတွင် မဆိုင်သလို မတ်တပ်ရပ်နေရတဲ့ အဖြစ်သို့ ရောက် နေ သည်ကိုလည်း
တွေ့ နေရပါသည်။
နိုင်ငံတနိုင်ငံမှာ ကောင်းမွန်သော အစိုးရတစ်ရပ်နဲ့  အုပ်ချုပ်ရေး စနစ်တစ်ခု ပေါ်ပေါက်ဖို့ ကို ဘက်စုံ ညီညာစွာနဲ့ မရှိမဖြစ် လိုအပ်သော အခင်းအကျင်းများ ရှိရမည်ဖြစ်သည်။ ထိုအတူ နိုင်ငံသူနိုင်ငံသားအားလုံးနဲ့ အစိုးရတို့ တွင် အပြန်အလှန်နားလည်ခြင်း၊ လေးစားခြင်း၊ တန်းတူညီမျှနဲ့ အပြုသဘောဆောက်ရွက်မှုများ၊ လိုက်နာစောင့်ထိန်းရမည့်ကျင့်ဝတ်များကို အပြည့်အ၀ နားလည်ဖို့ အလွန်လိုအပ်ပါသည်။
နိုင်ငံသူနိုင်ငံသားအားလုံးသည် နိုင်ငံသား တစ်ယောက်ရဲ့ လူမှု့ အခွင့်အရေးများဆုံးရှုံးခြင်း ကိုလည်းရင်ဆိုင်ရသလို မရောရာမသေချာသော ဥပဒေနဲ့ လုံခြုံရေးအောက်တွင်နေထိုင်ရသည်၊ ထိုအတူ နေ့ စဉ် နဲ့ အမျှ ထိတွေ့ ဆက်ဆံနေရသော စားဝတ်နေရေး ရဲ့ အထွေထွေအကြပ်အတည်းများပေါ်တွင် သာ မိမိတို့ ရဲ့ အသက်ရှင်သန်ရေးနဲ့ ပိုင်ဆိုင်မှု မပျောက်ပျက်သွားအောင်သာအာရုံစိုက်နေရတဲ့ အနေအထားများကို ရင်ဆိုင်နေကြရသည်မို့  ယနေ့ နိုင်ငံရေး အသွင်ကူးပြောင်းကာလကို မည်သို့ မည်ပုံ လုပ်ဆောင်ရမည်ကို တိတိကျကျနဲ့ နားလည်စွာ တက်ကြွစွာပါဝင်
နိုင်ရန်အတွက် လိုအပ်သော အခင်းအကျင်းနဲ့ ပညာပေးပို့ ချုခြင်းများကို ကျယ်ကျယ်ပြန့် ပြန့် သဘောထားကြီးစွာနဲ့ 
ဦးဆောင်ပြီး အစိုးရသစ် မှ ပြုလုပ်ပေးဖို့ လိုအပ်ပေသည်။
ထိုအတူ အားလုံးသော နိုင်ငံရေးပါတီများ ၊ အထူးသဖြင့် ဒီမိုကရေစီအင်အားစုများက အစိုးရသစ်ကို အသွင်ကူးပြောင်းရေးကာလတွင်ရင်ဆိုင်ရမည့် အဖြစ်တွေကို ရဲရဲကြီးရင်ဆိုင်ကျော်လွားနိုင်စေရန် သတ္တိ ရှိဖို့ နဲ့ ၊ ထိုသတ္တိဖြစ်ပေါ်စေရန်အတွက် အပြုသဘောနဲ့ ခင်းကျင်းလက်တွဲပေးရတော့မည် လို့ သုံးသပ်ပါသည်။
တချိန်တည်းမှာဘဲ မည်သို့ မည်ပုံ နဲ့ အဓိကကျသောအခြေခံယန္တာရားကြီးများမှာပါဝင်လှုပ်ရှားကြမလည်းဆိုတာထက်၊
လက်ရှိအစိုးရနဲ့ တွဲ ပြီး မည်သို့ မည်ပုံလက်တွဲ ဆောင်ရွက် မလည်း၊ လက်တွဲဆောင်ရွက်မှု ဖြစ်ပေါ်ရန် ဘယ်လို ခင်းကျင်း ဖေါ် ဆောင်ပြင်ဆင်ကြမည်နည်း ဆိုတာက ယနေ့ အချိန်တွင် အလွန်ကို နိုင်ငံရေး အကဲ ပါလှပေသည်။
ထိုလက်တွဲမှုကို သံသယရှင်းရှင်းနဲ့ တဖက်နဲ့ တဖက် အပြုသဘောနဲ့ လက်တွဲနိုင်ဖို့  အစိုးရသစ်အနေနဲ့ ကော ၊ ဒီမိုကရေစီအင်အားစု တွေအနေနဲ့ ကော တဖက်နဲ့ တဖက် အပြန်အလှန် အခင်းအကျင်းက အလွန်ကို အရေးကြီးသောအနေအထားကိုရောက်နေပါတယ်။
ဒီလိုကောင်းမွန်သော အပြုသဘော WIN WIN နဲ့ သွားလို့ ရနိုင်တဲ့အခင်းအကျင်းကိုဖြစ်ဖို့ ကဘယ်သူတွေက အရေးကြီးပါသလည်း ၊ အစိုးရသစ်နဲ့  ဦးဆောင်သူတွေလား၊ နောက်လိုက်တွေလား၊ ဒီမိုကရေစီအင်အားစုတွေလား၊ ပြည်သူတွေလား၊ သေသေချာချာ စဉ်းစားကြဖို့ လိုအပ်နေပါပြီ။
အားလုံးကိုယ်စီကိုယ်ဌာ တာဝန်ကိုယ်စီနဲ့ တာဝန်ယူပြီးတော့ အမုန်းများ၊ အထေ့ အငေါ့များ၊ ချောင်ပိတ်ရိုက်ခြင်းများနဲ့ နင်းခြေကျော်လွားတဲ့အပြုအမှုနဲ့ အခင်းအကျင်းများ၊ စိတ်ခံစားချက်နဲ့ မဖြစ်နိုင်၊ မခံယူနိုင်သေးသည်အဖြစ်ကို လက်ကိုင်ပြုပြီး၊
လက်တွေ့ အဖြေမရှိသည့် ကြားကောင်းယုံစကားလုံးများနဲ့ တိုက်ခိုက်ထိုးနှက်ချုပ်ကိုင်ခြင်းများကို ရှောင်ရှားဖို့ လိုပြီလို့ ထင်ပါသည်။
မြန်မာနိုင်ငံသည် အင်အားကြီးနိုင်ငံများရဲ့ လက်နက် စမ်းသပ်စစ်မြေတလင်းမြေ၊ စီးပွားရေးထုတ်ကုန်အရင်းပြုနဲ့ ကုန်ချောဈေးကွက် ချုပ်ကိုင်ထားခြင်း အဖြစ်ကလွတ်မြှောက်ဖို့ တွေက ကျွန်တော်တို့ ယခုလို နိုင်ငံရေးအသွင်ကူးပြောင်းကာလမှာ တချိန်တည်း ရင်ဆိုင် နေ ရတဲ့ မဟာစိမ်ခေါ်မှုကြီးများလည်းဖြစ်ပါသည်။
အားလုံးအတိတ်က အဖြစ်တွေ၊ လက်ရှိဖြစ်ပျက်နေသော သဘောထားမပြေလည်မှုတွေ၊ ပဋိပက္ခပြဿနာတွေကိုပြည့်ဖုံးကာချပြီး အားလုံးဖြစ်နိုင်သည့်၊ဖြစ်နေသည့်အခင်းအကျင်းနဲ့ ဖြစ်လာတဲ့အရှိတရားကိုလက်ကိုင်ထားပြီး စုပေါင်းလုပ်ကြမလား၊ ဆက်ပြီးတော့ ဘယ်လိုလုပ်ကြမလည်းဆိုတာကို လက်တွေ့ ကြကြစိတ်ရှည်စွာနဲ့ တိတိကျကျဖေါ်ဆောင်ဖို့  လိုပြီလို့ မြင်ပါသည်။
အစိုးရသစ်အပါအ၀င် ၊ နိုင်ငံရေးဦးဆောင်သူတွေ အားလုံး တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ဖွဲ့ နဲ့ တစ်ဖွဲ့ သိမ်မွေ့ သော
သဘောထား၊ ကြီးမား မြင့်မြတ်ပြီးကိုယ့်ကျိုးမပါသော တွေးခေါ်ပြောဆို ခြင်းများအခြေခံကာ၊ ခံယူချက်မတူ၊ အမြင်မတူ
သော် လည်း၊ နိုင်ငံအတွက်သော်လည်းကောင်း၊ ပြည်သူအတွက်သော်လည်းကောင်း၊ နိုင်ငံအသွင်ကူးပြောင်းရေး အထောက်
အကူ ပြု လုပ်ငန်းကိစ္စများကို စုစည်းကာ အဖြေ ထွက်နိုင်သည်လုပ်ငန်းစဉ်များ အဖြစ် ရေးဆွဲကာ စတင် လက်တွဲလုပ်ဆောင်
မှု့ ပြု မှသာလျှင် နိုင်ငံရေးအသွင်ကူးပြောင်းမှုသည် တည်ငြိမ်မည်ဖြစ်သလို အသွင်ကူးပြောင်းမှုကာလ တိုတောင်းမည်ဖြစ်သည်။
တို့ ခေတ်ရောက်မှ မညံ့ စေချင်ရင် အာဃာတ တွေချေပြီး လက်တွဲရတော့မည်။
Labels: သုံးသပ်တင်ပြခြင်း, ဆောင်းပါး | ပို့စ်တင်သူ အတူတကွလက်တွဲကြစို့ 
Subscribe to:
Posts (Atom)