ယနေ့ မြန်မာနိုင်ငံသည် ဗဟိုအုပ်ချုပ်မှုနဲ့ အာဏာရှင်စနစ်ကနေ ပါလီမာန်ဒီမိုကရေစီစနစ်သို့  ပြောင်းလဲသွာဖို့ ကျိုးစားနေသည့်နိုင်ငံဖြစ်သည်လို့ ကမ္ဘာကလည်းသိ၊ မြန်မာလည်းသိသည့်အနေအထားဖြစ်ပါသည်။
ထိုအတူ နိုင်ငံရေးအသွင် ပြောင်း ကာလလို့ အာဏာရ ပါတီက ဦးဆောင်တဲ့ အစိုးရသစ် ကဆိုထားသည်။
ဒီတော့ နိုင်ငံရေးအသွင်ကူးပြောင်းေ၇းအတွက် ဘယ်လို အနေအထားနဲ့ အသွင်ပြောင်းခြင်းကို လုပ်ကြမလည်းဆိုတာကို
ကမ္ဘာကလည်း စိတ်ဝင်စားစွာ ၊ စိတ်မောစွာနဲ့ စောင့်ကြည့်နေကြသည်။
ပြည်သူအပေါင်းက လည်း ဟိုဖက်ကြည့်၊ ဒီဖက်ကြည့်၊ ကိုယ်ကိုကိုယ်ကြည့် နဲ့ ဘယ်လို ဘယ်ပုံနဲ့ နိုင်ငံအသွင်ပြောင်းကာလတွင် ထမ်းဆောင်ရမဲ့ တာဝန်ကို မည်သို့ တာဝန်ယူပြီးတော့ စုပေါင်း ၀ိုင်းဝန်ကြရမည်လားဆိုတဲ့ အသိတွေအမြင်တွေ ကာ ကောင်း စွာသိမြင်ခြင်းမရှိသလို၊ အားလုံး ဝှေ့ ဝါး ရှုတ်ထွေး စွာနေရှိကြပါသည်။
ဒီအတွက်ကြောင့်လည်း မြန်မာနိုင်ငံရဲ့  ၇၀ ရာခိုင်နုန်းသော နိုင်ငံသားတို့ သည် ကိုယ်မိသားရေး၊ ကိုယ်အရေးကပထမဖြစ်ရမည် ဆိုတဲ့အတွေးတွေနဲ့ အတူး မြန်မာနိုင်ငံရေး အသွင်ပြောင်းကာလတွင်လို အပ်သော အခင်းအကျင်းကို ဖေါ်ဆောင်ရန်အတွက်၊ အဓိက အင်အားစုများမှာ မပါ
ဝင်လာကြတော့သလို ဖြစ်စဉ်ရဲ့ စည်းဝိုင်းဘေးတွင် မဆိုင်သလို မတ်တပ်ရပ်နေရတဲ့ အဖြစ်သို့ ရောက် နေ သည်ကိုလည်း
တွေ့ နေရပါသည်။
နိုင်ငံတနိုင်ငံမှာ ကောင်းမွန်သော အစိုးရတစ်ရပ်နဲ့  အုပ်ချုပ်ရေး စနစ်တစ်ခု ပေါ်ပေါက်ဖို့ ကို ဘက်စုံ ညီညာစွာနဲ့ မရှိမဖြစ် လိုအပ်သော အခင်းအကျင်းများ ရှိရမည်ဖြစ်သည်။ ထိုအတူ နိုင်ငံသူနိုင်ငံသားအားလုံးနဲ့ အစိုးရတို့ တွင် အပြန်အလှန်နားလည်ခြင်း၊ လေးစားခြင်း၊ တန်းတူညီမျှနဲ့ အပြုသဘောဆောက်ရွက်မှုများ၊ လိုက်နာစောင့်ထိန်းရမည့်ကျင့်ဝတ်များကို အပြည့်အ၀ နားလည်ဖို့ အလွန်လိုအပ်ပါသည်။
နိုင်ငံသူနိုင်ငံသားအားလုံးသည် နိုင်ငံသား တစ်ယောက်ရဲ့ လူမှု့ အခွင့်အရေးများဆုံးရှုံးခြင်း ကိုလည်းရင်ဆိုင်ရသလို မရောရာမသေချာသော ဥပဒေနဲ့ လုံခြုံရေးအောက်တွင်နေထိုင်ရသည်၊ ထိုအတူ နေ့ စဉ် နဲ့ အမျှ ထိတွေ့ ဆက်ဆံနေရသော စားဝတ်နေရေး ရဲ့ အထွေထွေအကြပ်အတည်းများပေါ်တွင် သာ မိမိတို့ ရဲ့ အသက်ရှင်သန်ရေးနဲ့ ပိုင်ဆိုင်မှု မပျောက်ပျက်သွားအောင်သာအာရုံစိုက်နေရတဲ့ အနေအထားများကို ရင်ဆိုင်နေကြရသည်မို့  ယနေ့ နိုင်ငံရေး အသွင်ကူးပြောင်းကာလကို မည်သို့ မည်ပုံ လုပ်ဆောင်ရမည်ကို တိတိကျကျနဲ့ နားလည်စွာ တက်ကြွစွာပါဝင်
နိုင်ရန်အတွက် လိုအပ်သော အခင်းအကျင်းနဲ့ ပညာပေးပို့ ချုခြင်းများကို ကျယ်ကျယ်ပြန့် ပြန့် သဘောထားကြီးစွာနဲ့ 
ဦးဆောင်ပြီး အစိုးရသစ် မှ ပြုလုပ်ပေးဖို့ လိုအပ်ပေသည်။
ထိုအတူ အားလုံးသော နိုင်ငံရေးပါတီများ ၊ အထူးသဖြင့် ဒီမိုကရေစီအင်အားစုများက အစိုးရသစ်ကို အသွင်ကူးပြောင်းရေးကာလတွင်ရင်ဆိုင်ရမည့် အဖြစ်တွေကို ရဲရဲကြီးရင်ဆိုင်ကျော်လွားနိုင်စေရန် သတ္တိ ရှိဖို့ နဲ့ ၊ ထိုသတ္တိဖြစ်ပေါ်စေရန်အတွက် အပြုသဘောနဲ့ ခင်းကျင်းလက်တွဲပေးရတော့မည် လို့ သုံးသပ်ပါသည်။
တချိန်တည်းမှာဘဲ မည်သို့ မည်ပုံ နဲ့ အဓိကကျသောအခြေခံယန္တာရားကြီးများမှာပါဝင်လှုပ်ရှားကြမလည်းဆိုတာထက်၊
လက်ရှိအစိုးရနဲ့ တွဲ ပြီး မည်သို့ မည်ပုံလက်တွဲ ဆောင်ရွက် မလည်း၊ လက်တွဲဆောင်ရွက်မှု ဖြစ်ပေါ်ရန် ဘယ်လို ခင်းကျင်း ဖေါ် ဆောင်ပြင်ဆင်ကြမည်နည်း ဆိုတာက ယနေ့ အချိန်တွင် အလွန်ကို နိုင်ငံရေး အကဲ ပါလှပေသည်။
ထိုလက်တွဲမှုကို သံသယရှင်းရှင်းနဲ့ တဖက်နဲ့ တဖက် အပြုသဘောနဲ့ လက်တွဲနိုင်ဖို့  အစိုးရသစ်အနေနဲ့ ကော ၊ ဒီမိုကရေစီအင်အားစု တွေအနေနဲ့ ကော တဖက်နဲ့ တဖက် အပြန်အလှန် အခင်းအကျင်းက အလွန်ကို အရေးကြီးသောအနေအထားကိုရောက်နေပါတယ်။
ဒီလိုကောင်းမွန်သော အပြုသဘော WIN WIN နဲ့ သွားလို့ ရနိုင်တဲ့အခင်းအကျင်းကိုဖြစ်ဖို့ ကဘယ်သူတွေက အရေးကြီးပါသလည်း ၊ အစိုးရသစ်နဲ့  ဦးဆောင်သူတွေလား၊ နောက်လိုက်တွေလား၊ ဒီမိုကရေစီအင်အားစုတွေလား၊ ပြည်သူတွေလား၊ သေသေချာချာ စဉ်းစားကြဖို့ လိုအပ်နေပါပြီ။
အားလုံးကိုယ်စီကိုယ်ဌာ တာဝန်ကိုယ်စီနဲ့ တာဝန်ယူပြီးတော့ အမုန်းများ၊ အထေ့ အငေါ့များ၊ ချောင်ပိတ်ရိုက်ခြင်းများနဲ့ နင်းခြေကျော်လွားတဲ့အပြုအမှုနဲ့ အခင်းအကျင်းများ၊ စိတ်ခံစားချက်နဲ့ မဖြစ်နိုင်၊ မခံယူနိုင်သေးသည်အဖြစ်ကို လက်ကိုင်ပြုပြီး၊
လက်တွေ့ အဖြေမရှိသည့် ကြားကောင်းယုံစကားလုံးများနဲ့ တိုက်ခိုက်ထိုးနှက်ချုပ်ကိုင်ခြင်းများကို ရှောင်ရှားဖို့ လိုပြီလို့ ထင်ပါသည်။
မြန်မာနိုင်ငံသည် အင်အားကြီးနိုင်ငံများရဲ့ လက်နက် စမ်းသပ်စစ်မြေတလင်းမြေ၊ စီးပွားရေးထုတ်ကုန်အရင်းပြုနဲ့ ကုန်ချောဈေးကွက် ချုပ်ကိုင်ထားခြင်း အဖြစ်ကလွတ်မြှောက်ဖို့ တွေက ကျွန်တော်တို့ ယခုလို နိုင်ငံရေးအသွင်ကူးပြောင်းကာလမှာ တချိန်တည်း ရင်ဆိုင် နေ ရတဲ့ မဟာစိမ်ခေါ်မှုကြီးများလည်းဖြစ်ပါသည်။
အားလုံးအတိတ်က အဖြစ်တွေ၊ လက်ရှိဖြစ်ပျက်နေသော သဘောထားမပြေလည်မှုတွေ၊ ပဋိပက္ခပြဿနာတွေကိုပြည့်ဖုံးကာချပြီး အားလုံးဖြစ်နိုင်သည့်၊ဖြစ်နေသည့်အခင်းအကျင်းနဲ့ ဖြစ်လာတဲ့အရှိတရားကိုလက်ကိုင်ထားပြီး စုပေါင်းလုပ်ကြမလား၊ ဆက်ပြီးတော့ ဘယ်လိုလုပ်ကြမလည်းဆိုတာကို လက်တွေ့ ကြကြစိတ်ရှည်စွာနဲ့ တိတိကျကျဖေါ်ဆောင်ဖို့  လိုပြီလို့ မြင်ပါသည်။
အစိုးရသစ်အပါအ၀င် ၊ နိုင်ငံရေးဦးဆောင်သူတွေ အားလုံး တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ဖွဲ့ နဲ့ တစ်ဖွဲ့ သိမ်မွေ့ သော
သဘောထား၊ ကြီးမား မြင့်မြတ်ပြီးကိုယ့်ကျိုးမပါသော တွေးခေါ်ပြောဆို ခြင်းများအခြေခံကာ၊ ခံယူချက်မတူ၊ အမြင်မတူ
သော် လည်း၊ နိုင်ငံအတွက်သော်လည်းကောင်း၊ ပြည်သူအတွက်သော်လည်းကောင်း၊ နိုင်ငံအသွင်ကူးပြောင်းရေး အထောက်
အကူ ပြု လုပ်ငန်းကိစ္စများကို စုစည်းကာ အဖြေ ထွက်နိုင်သည်လုပ်ငန်းစဉ်များ အဖြစ် ရေးဆွဲကာ စတင် လက်တွဲလုပ်ဆောင်
မှု့ ပြု မှသာလျှင် နိုင်ငံရေးအသွင်ကူးပြောင်းမှုသည် တည်ငြိမ်မည်ဖြစ်သလို အသွင်ကူးပြောင်းမှုကာလ တိုတောင်းမည်ဖြစ်သည်။
တို့ ခေတ်ရောက်မှ မညံ့ စေချင်ရင် အာဃာတ တွေချေပြီး လက်တွဲရတော့မည်။
Labels: သုံးသပ်တင်ပြခြင်း, ဆောင်းပါး | ပို့စ်တင်သူ အတူတကွလက်တွဲကြစို့ အရင်ဆုံးအမေး အဖြေ က ဘယ်သူတွေလည်း
Labels: သုံးသပ်တင်ပြခြင်း, ဆောင်းပါး | ပို့စ်တင်သူ အတူတကွလက်တွဲကြစို့ ရင့်ကျက်ဖို့ လိုပြီ
Labels: သုံးသပ်တင်ပြခြင်း, ဆောင်းပါး | ပို့စ်တင်သူ အတူတကွလက်တွဲကြစို့ ရင့်ကျက် ဖို့ လိုပြီ
ဟုတ်ပါတယ် ရင့်ကျင်ဖို့ လိုပြီဆိုတော့ မည်သူတွေကလိုတာလည်း ဘယ်လိုရင့်ကျက်ရမှာလည်း စသဖြင့်စသဖြင့်...........
ဒါဆိုရင် ခင်ဗျားကော လို့ ကျွန်တော်ကို လာမေးရင်လည်း ကျွန်တော်ဖြေဖို့ အသင့်ပါ၊ ကျွန်တော်ကြိုးစားအားထုတ်နေသလိုအမြဲတစေ လည်းကျင့်ကြံနေပါတယ်။ အပြီးပိုင်ပြည့်ဝသောရင့်ကျက်မှုကိုတော့ ကျွန်တော်လည်း မရသေးလို ရလညးရချင်ပါတယ်။
ရအောင်လည်းကြိုးစားဖို့ ကျင့်ကြံပါတယ်လို့ သာပြောချင်ပါတယ်။
အထုူးသဖြင့်ပေါ့ ကျွန်တော်တို့ အနေနဲ့ တော့ ယနေ့ မြန်မာနိုင်ငံရေးဇတ်ခုံမှာပါလာမဲ့ သူတွေ၊ ပါဖို့ လုပ်နေတဲ့သူတွေကော၊ ဇတ်ခုံဘေးကနေအားပေးနေတဲ့သူတွေကော၊ ကိုယ်သဘောနဲ့ ကိုယ် ဆန္ဒနဲ့ မကိုက်ညီတဲ့သူတွေကော ကို အထူးသတိပေးချင်တာထက်
မေတ္တာရပ်ခံပါတယ်၊ သိပ်ပြီးတော့ နိုင်ငံရေး ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ အဃာတစွဲတွေနဲ့ သိပ်ပြီးတော့ ဂိုဏ်းတွေခွဲခြားပြောတာတွေ၊ ရှောင်ဖို့ 
ရပ်တန့် ဖို့ လိုပြီလို့ မြင်ပါတယ်။
အသွင် မတူ အမြင်မတူ တာက နိယာမ တစ်ခုအနေနဲ့ လက်ခံပေးကြစေချင်ပါတယ်။
အမြင်မတူ အသွင်မတူပေမဲ့ ကျွန်တော်တို့ ရန်သူတွေ လိုဆက်ဆံပြောဆို နှိမ့်ချ ၀ိုင်းထိုး ဘေးတွန်း အပုတ်ချမလုပ်သင့်ပါဘူး လို့ မြင်ပါတယ်။
လူတိုင်းတွင် ခံစားတတ်သော စိတ်ဆိုတာကို ပိုင်ဆိုင်ကြပါတယ်။ သို့ သော ထိုစိတ်ခံစားမှုကို အမြဲတစေ ဦးစားပေးပြီး ဦးနှောက်အသိကွတ်ကဲမှု မရှိဘဲ ထစ်ဆိုတာနဲ့  စိတ်ခံစားမှုနဲ့  ပြောဆိုတွန်းထိုး လုပ်ဆောင်ခြင်းနဲ့  မကျေနပ်စိတ်၊ အမြင်မကြည်တဲ့စိတ် ဖုံးလွမ်းပြီးတော့ တုန့် ပြန်ပြောဆိုလုပ်ကိုင်နေကြမယ်ဆိုရင် ဘယ်လိုမှ ကျွန်တော်တို့  အေးချမ်းသော ၊တည်ငြိမ်သော၊ ချစ်ကြည်ရင်းနှီးသော၊ စည်းလုံးသော နိုင်ငံအဖြစ် ၊ သို့ တည်းမဟုတ် လူအသိုင်းအ၀ိုင်းတစ်ခုကို မတည်ထောင်နိုင်သလို ၊ ဒီလိုအကျိုးကြောင်းကိစ္စကို ဘာသာ ရေးအနေနဲ့ ကြည့်မည်ဆိုလျှင် မည်သည့်ဘာသာ မှ လက်ခံထားခြင်းမရှိချေ၊ ဘာသာတိုင်းက ထိုသို့ သော အကျင့်နဲ့ စိတ်ထားကို ကန့် ကွက်ရှုတ်ချထားသလို အားလည်းမပေးထားချေ။
ပြောလိုသည်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံ ပြည်တွင်း ပြည်ပ အတိုက်အခံအားလုံးကော ၊ တပ်မတော် အစိုးရ ကို ထောက်ခံသော မည်သည့်လူမျိုး မဆို ကိုယ်နုတ်ပြောဆို ရေးသား တိုက်ခိုက်ခြင်းသည့် အမျိုးသားရေးကို စည်းလုံးမှုမဖြစ်စေဘဲ အလွန်အမင်းဝေးကွာ စေသလို တစ်ဦးနဲ့ တစ်ဦး လေးစားရိုသေခြင်းနဲ့ ယဉ်ကျေးမှုပျောက် ဘာသာပျောက်အနေအထားကို တွန်းပို့ နေသည့်အနေအထားသို့ ရောက်နေသည်ကိုတွေ့ မြင်လာရသောကြောင့် ဖြစ်ပါသည်.။
သမိုင်းနဲ့ ဘဲကြည့်ကြည့်၊ ဖြစ်စဉ်တွေနဲ့ ဘဲကြည့်ကြည့်၊ မြန်မာနိုင်ငံတွင် အသွင်မတူ၊အမြင်မတူသော သူ အချင်းချင်း၊ သို့ မဟုတ် တစ်ဖွဲ့ နဲ့ တစ်ဖွဲ့ ကြားတွင်ကော၊ တစ်ပါတီနဲ့ တစ်ပါတီကြားတွင်ကော၊ စည်းမရှိ ကမ်းမရှိ ပြောဆို နှိမ့်ချ တွန်းထိုး အပုတ်ချ လာကြ
သည့် လုပ်ရပ်များ မှာ အလွန့် အလွန် ကို အယုတ်ဆိုးလွန်း တာတွေ က တစနဲ့ တစ မိရိုးဖလာ ဓလေ့ နဲ့ ဆန့် ကျင်ပြီးတော့ကို ဖြစ်ပေါ်လာသလို၊ တဖြေးဖြေးနဲ့ ထိုသို့ လုပ်ရပ်များကိုပင် ယဉ်ပါးစွာ သုံးနုန်းပြောဆိုလာကြသည်မှာ အလွန်စိတ်မ ကောင်း ဖွယ်ရာအဖြစ်တွေ့ မြင်ကြားသိနေသည့်အရာဖြစ်သည်။
(တချို့ သောပုတ်ခတ်မှုများသည် ထေရ်ဗုဒ္ဒဘာသာ ကိုယုံကြည်သော ထွန်းကားသော မြန်မာနိုင်ငံမှ နိုင်ငံသားများကပြောသည် ၊လုပ်သည်၊ရေးသည်၊ကျူးလွန်သည် လို့ ပြောရမှာတောင် အလွန် အော်ဂလီဆန်စွာ အော့နှလုံး နာစွာ နဲ့ ရှက်ဖို့ အလွန်ကောင်းလှပါသည်)
တဒင်္ဂခဏ အနေနဲ့ မိမိတို့ ရဲ့ စိတ်မကျေနပ်ချက်များ ရဲ့ ထွက်ပေါက်အနေနဲ့ ဖြစ်နိုင်ကောင်းဖြစ်သွားပေမဲ့ အကျိုးရလဒ်ကား အလွန်ကိုဆိုးဝါးသော အခင်းအကျင်းများနဲ့ မလိုလားသော ပြဿနာများရဲ့ အစကိုလည်းခင်းကျင်းပေးသလိုဖြစ်သွား တာတွေ လည်းရှိပါသည်။ ထိုအတူ အမှိုက်ကစ ပြဿဒ်မီးလောင်ဆိုတာမျိုးတွေကလည်းပေါ်ပေါက်နိုင်သလို၊ ကျွန်တော်တို့ အားလုံးပြောဆိုနေသော မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ လေးစားချစ်ခင်ခြင်း၊တစ်ဦးနဲ့ တစ်ဦးတန်းတူ အသိမှတ်ပြုခြင်းစသည့် ကိစ္စများရဲ့  ဂုဏ်ပုဒ်တွေကို မှေး မှိန်လျှော့ကြစေပါသည်။
နောက်ပြီး ဒီလိုကိစ္စတွေမှာ ပြည်တွင်းကော ပြည်ပကော က မီဒီယာတွေရဲ့  လမ်းကြောင်းတည့်မတ်ပေးခြင်းသည် လည်းအဓိက အခန်းမှာရှိပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ကိစ္စများနဲ့ ပတ်သက်ပြီး ပြည်သူအားလုံးတွင်း သူအတိုင်းအတာနဲ့ သူ ခံစားမှုရှိကြမည်ဖြစ်သည်၊
သူခံစားချက်သူတော့အနည်းနဲ့ အများ ရှိကြတာတွေက ဝမကျေနပ်ချက်တွေကလည်း နှစ်နဲ့ ကြာအောင်နဲ့ ခါးစည်းခံရတာပါ၊ လူတစ်ဦးတစ်ယောက်မဟုတ်ပါ။ လူတိုင်းလိုလိုပါမြန်မာနို်င်ငံမှာနေထိုင်ကြတဲ့နိုင်ငံသားပြည်သူအပေါင်းဆိုပို မှန်ပါတယ်။
မြန်မာနိုင်ငံမှာ လွတ်လပ်ရေး၇အောင်လုပ်ဆောင်ရာမှာရှေ့တန်းကနေ ရဲရဲဝံ့ဝံ့ နဲ့  မိမိ သေမှာကိုမကြောက်၊ တိုင်းတပါး နယ်ချဲ့ ကိုဒူးမထောက်ဆိုတဲ့စိတ်၊ တိုင်းတပါး အောက်မှာ သူကျွန်မခံဆိုတဲ့စိတ်နဲ့ ဦးဆောင်သွားခဲ့တဲ့သူတွေအားလုံးမှာ ကြမ်းတပြေးအိပ်၊ ထမင်းတ၀ိုင်းတည်းစားပြီးတော့ အတူတကွလုပ်ဆောင်လာကြတာပါ။သို ပေ့မဲ့ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးနောက်ပိုင်းမှာ ကျန်ရှိနေသော သူတွေကြားမှာ နိုင်ငံရေးအယူဝါဒများ ဂိုဏ်းဖွဲ့ အုပ်စုဖွဲ့ ကိစ္စတွေက စပြီးတော့မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ် တွေဖြစ်ခဲ့သလို၊ တစ်ယောက်နဲ့ တစ်ယောက် နိုင်ငံရေးအယူဝါဒဆိုတာထက် အဃာတတွေ၊ ကြီးနိုင်ငယ်ငြင်း၊ အုပ်စုလိုက်အပြတ်အသတ် တိုက်ခိုက် တာတွေ၊ ကိုယ်နဲ့ မတူကိုယ်ရန်သူ၊ ကိုယ်သဘောထား သာထောက်ခံရမယ်ကိုယ်သာလျှင် အမှန်ဆိုတာကို လွဲမှားသော စိတ်ဓါတ်အောက်တန်းကြကြနဲ့ တိုင်းပြည်ရဲ့ နိုင်ငံရေးတွင်
ယနေ့  ဆိုလျှင် ၂၀၁၁ ခုနှစ် သို့ ရောက်ပြီဖြစ်သလို၊ တနိုင်ငံလုံးအနေနဲ့ ပြန်ကြည့်သော ငြိမ်းချမ်းရေး၊ စည်းလုံးရေး၊ တရားဥပဒေစိုးမိုးရေး၊ အချုပ်အချာ အာဏာခိုင်မြဲရေး ၊ တန်းတူညီတူဆက်ဆံရေး၊ တရားမျှတရေး၊ စသည်တို့ သည် သကာရည်ဖုံးထားသလိုနဲ့ အချိန်မရွေး ကွဲအက် ပြိုပျက် သွားနိုင် သည့် ဖန်လုံအိမ်ဆောက်ထား သည့်အနေအထားဖြစ်နေသည်။
ထည့်သွင်းလုပ်ဆောင်တတ်ရန် စရိုက်ဆိုးမွေးဖွားပေးခဲ့သလို၊ လွတ်လပ်ရေးနဲ့ အတူ ပြည်တွင်းစစ်ကိုကိုလည်း အမွေကြီးတစ်ခု
လို လည်း အမွေအဖြစ် လက်ဆင့်ကမ်းပေးခဲ့ပါတယ်။
ဒီလိုဇတ်လမ်းကနေစခဲ့တဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်သည် အချိုးအကွေ့ ပေါင်းစုံ၊ ဖြစ်ရပ်ပေါင်းစုံများကို ဖြစ်သန်းစီးဆင်းခဲ့ရ
သည်။
ဒေသတွင်းနိုင်ငံများနဲ့ နိုင်းယှဉ်သော် နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးသည်လည်း မတည်ငြိမ်သေးချေ။
ခေတ်အဆက်ဆက်နိုင်ငံရေးသမားတွေကော နိုင်ငံရေးခေါင်းဆောင်တွေကော၊ အချုပ်ချာအာဏာကိုကိုင်ခဲ့သော ခေတ်အဆက်ဆက် ကအစိုးရသည်လည်းကောင်း ပြောကြ၊ ဆိုကြသည့် မရိုးနိုင်သော စကားကြီး တစ်ခုရှိပါသည်။ ထိုစကားကြီးကိုလည်း ယနေ့ ထိလည်း အစဉ်ဆက် ကျယ်ကျယ်လှောင်လှောင် နဲ့ နဖူးတွင် စာတမ်းမထိုးယုံတမယ် ပြောနေသည်မှာ " နိုင်ငံအကျိုး၊ တိုင်းပြည်အကျိုး၊ လူမျိုး သာသနာ အတွက် ဒီနိုင်ငံတွင်နေထိုင်ကြသော တိုင်းရင်းသား အပေါင်း တို့ ၏စိတ်ထားသည် စည်းလုံးရမည်၊ ညီညွတ်ရမည်၊ တန်းတူရှိရမည်၊ လေးစားဆက်ဆံရမည်၊ မျှတရမည်" ဆိုကြပါတယ်။
မေးစရာရှိပါတယ် ဘယ်သူတွေ ထိထိရောက်ပြောဆိုခင်းကျင်းကြပါသလည်း၊ လက်တွေ့ ကျကျ ဘယ်သူတွေက ဖော်ဆောင်ခဲ့ ကြပါသလည်း၊ မည်သည့် လုပ်ငန်းစဉ်များနဲ့ မည်သို့ သောပူးပေါင်းဆောင်ရွက်ခြင်းမျိုးတွေကို ၊ အမျိုးသားရေးအရ ဖေါ်ထုတ်မှု လုပ်ဆောင်ခဲ့ကြပြီးပါပြီလည်း ဆိုတာတွေဖြစ်ပါတယ်။
ယနေ့ အချိန်တွင် အကျိုးမဖြစ်နိုင်သည် နိုင်ငံရေးထိုးနှက်ချက် နဲ့ ပု၈္ဂိုလ်ရေး နှိပ်ချခြင်း၊ခွဲခြားခြင်း စကားလုံးများကို မီဒီယာများတွင်ပြောရင်း နိုင်ငံရေး အပြုသဘောမဆောင်သော အခင်းအကျင်းများကို ခင်းကျင်းတာတွေ လုပ်လာတာကို တွေ့ ရပါသည်။
မနေ့ တနေ့ ကမှ သူဘယ်သူကိုယ်ဘယ်သူဆိုတာသိကြပြီး ယနေ့ ဖြစ်ပေါ်လာသည့် နိုင်ငံရေးအခင်းအကျင်းသစ်ထဲသို့ 
ဝင်ရောက်လာကြသော နိုင်ငံရေး ပလေယာအသစ်များရှိသလို၊ ကာလကြာရှည်စွာ နဲ့ လုပ်နေကြသော နိုင်ငံရေးသမား
အိုကြီးတွေလည်းရှိပါတယ်။မည်သူသည် နိုင်ငံရေးသမားကောင်းဖြစ်ခဲ့သည် မြန်မာနိုင်ငံရေးတွင်နိုင်ငံရေး လုပ်တာတော်တယ် ၊ပါးနှပ်တယ်။ တိုင်းပြည်
ယနေ့ လွတ်တော် အတွင်းတွင် နိုင်ငံရေး ပလေယာအသစ် အားလုံး သည် လုပ်ချင်ကိုင်ချင်စိတ်၊အားမာန် တွေနဲ့ တိုင်းပြည်အတွက်လုပ်ကြမယ်ဆိုတဲ့စိတ်တွေရှိရင်ဘဲ အပြင်မှာ ရှိနေတဲ့ ကျွန်တော်တို့ က ၀ိုင်းပြီးတော့ အားပေးရမှာပါ။
နိုင်ငံရေးကို တခြားနိုင်ငံများနဲ့ နိုင်းယှဉ်ဖို့ ကော၊ စီးပွားရေး ခန့် ခွဲ မှုကော၊ အုပ်ချုပ်ရေးတို့ ကော ကောင်းကောင်းထိန်းသွားနိုင်
တယ်ဆိုတဲ့ နိုင်ငံရေးသမားဘယ်နှစ်ယောက်ရှိ သလည်းဆိုတာ လည်းမေးစရာရှိလာပါတယ်။
မည်သူမှ လက်ရှိအချိန် တွင်လက်ညိုး ထိုးပြပါဆိုလို့  ထိုးပြစရာခေတ်သစ် နိုင်ငံရေးသမားတစ်ယောက်မှမရှိပါ။ ( အသက်ကြီးပြီးလူဘ၀မှ အနားယူဖို့ အရွယ်ရောက်နေသော နိုင်ငံရေးသမားအိုကြီးများ ကို ထည့်သွင်းမပြောပါ)
ဘယ်သူ ဘယ်သူ့ မှ လည်း ကိုယ်ပိုင်အစွမ်း အစမပြရသေးသလို အုပ်ချုပ်မှုကို မြို့ နယ်အဆင့်မပြောနဲ့  ရပ်ကွက်အဆင့်
တောင် လက်တွေ့ ကြကြနဲ့ နိုင်နင်းအောင်လုပ်ဆောင်လာကြရတဲ့သူတွေမဟုတ်ပါဘူး။
ဒီအတွက် ပြည်သူအပေါင်းကနေသော်လည်းကောင်း ပြင်ပ နိုင်ငံရေးအုပ်စုတွေ ၊ ပြည်သူအဖွဲ့ အစည်းတွေကနေ ဒီမိုကရေစီ အုပ်မြစ်များတနိုင်ငံလုံး မှာ ဖြစ်တည်ဖို့ နဲ့ မနှေးမမြန် တနိုင်ငံလုံး ဒီမိုကရေစီစရိုက်များဖေါ်ဖေဓသီသီအသုံးချနိုင်ဖို့ ၊ ပြည်သူ
တိုင်း ကျင့်သုံးလက်ကိုင် ပြု နိုင်ဖို့ ၊ ဆိုတာတွေကို သေချာခိုင်မြဲစွာ နဲ့ ဖြစ်တည်လာဖို့  အတွက် အစိုးရ ကနဲ့  စတင်ဦးဆောင် ဖို့ 
အပြုသဘောဆောင်တဲ့ နိုင်ငံရေး ဖိအား အခင်းကျင်းကိုလုပ်ရပါမယ်။
အနှစ်ချုပ်ဆိုသော်........မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀ကျော် ကွယ်ပျောက်နေတဲ့ ပါလီမာန်ဒီမိုကရေစီရဲ့ အစကိုလှမ်းဖို့ 
ခြေလှမ်းပြင်တုံးပါ၊ ဘယ်သူကဘာမို့ လို ၊ဘယ်သူက ဘာဆိုပြီးတော့ ကိုယ့် လူမျိုးတူ တိုင်းရင်းသားအချင်းချင်းလည်း
အထင်သေးအမြင်သေးနဲ့ ပြောတတ်တာတွေ. လူမျိုးမတူသော တိုင်းရင်းသားအချင်းချင်းလည်း သူက ဘာ ဘဲကွ ဘာမို့ လို့ ရတာဆိုတာမျိုးလည်း မဖြစ်သင့်ပါ။ ဖြစ်ပေါ်လာသောအခြေအနေနဲ့ ဖြစ်တည်လာသော၊ ပေးလာသောအခွင့်အရေးအားလုံး ကိုလက်ဆုတ်လက်ကိုင် ပြုပြီးတော့ လက်ဆွဲနုတ်ဆက် လက်ခုတ်ဝိုင်းတီးပြီး ကြိုဆိုဂုဏ်ပြုကြရင်း မိမိတို့ ရဲ့ ကိုယ်နုတ် အားလုံး
သတိထားပြောဆိုကာ အပေါင်းလက္ခဏာဆောင်သော အခင်းအကျင်းများတည်ဆောင်ဖို့ ဆော်အော်ရင်း နိုင်ငံအသွင်ကူးပြောင်းလဲ
ရေးတိုတောင်းအောင်ဝိုင်းဝန်းလုပ်ဆောင်ဖို့ ကျွန်တော်တို့ မြန်မာနိုင်ငံသား အားလုံးတွင် လိုအပ်နေပါသည်လို့ ထင်ပါသည်။
အင်တိုက်အားတိုက်နဲ့ ခေတ်အမြင်ခေတ်အတွေး ကိုလည်းဆုတ်ကိုင်၊ ပကတိနဲ့ အရှိတရားဖြစ်စဉ်ကိုလည်း အသိမှတ်ပြု ပြီး
ဖြစ်စဉ်ကို အခြေခံကာ နိုင်ငံရေးအသွင်ကူးပြောင်းကာလ ကိုအောင်မြင်တိုတောင်းစွာ နဲ့ ကျော်ဖြတ်အောင် နိုင်ရန် အတွက်
ကျွန်တော်တို့ ကြိုးစားရမည်ဖြစ်သောကြောင့် မြန်မာနိုင်ငံသားတိုင်း မိမိကိုယ်တိုင် သာ မိမိ ရဲ့ ရင့်ကျက်မှုကို မဖြစ်မနေ ကျင့်ကြံလုပ်ဆောင်ရတော့မည်ဖြစ်သည်။ ။
ကြည့်တတ်၊ မြင်တတ်၊ လုပ်တတ်ကြဖို့ 
Labels: အုကံပေးခြင်း, ဆောင်းပါး | ပို့စ်တင်သူ အတူတကွလက်တွဲကြစို့ ၂၀၁၀ ရွေးကောက်ပွဲလည်းပြီးသွားပြီဖြစ်သလို ယခုလာမဲ့ ဇန်န၀ါရီလ နောက်ဆုံးအပါတ် သို့ မဟုတ် ဖေဖေါ်ဝါရီလမထမအပါတ်မှာတော့ ပထမအကြိမ် လွတ်တော်ခေါ်ယူဖို့ ဆိုတာကတော့ ဖြစ်လာမှာပါ
လို့ ပြောဆိုကြတာတွေလည်းကြားရပါတယ်။
သည်လိုဆိုတော့ မကြာသောကာလ မှာ လက်ရှိနိုင်ငံတော်အာဏာကို ယူထားတဲ့ နအဖအစိုးရက
လွတ်တော် က ထွက်ပေါ်လာတဲ့ အစိုးရကို တိုင်းပြည်ရဲ့ အချုပ်ချာအာဏာကို လွဲပြောင်းပေးဖို့ ရေးဆွဲ
ထား တဲ့ လမ်းပြမြေပုံအရ နောက်ဆုံးအဆင့်အနေနဲ ဖေါ့်ဆောင်ရပါတော့မယ်။
ဒီအချိန်မှာ နအဖအစိုးရ နဲ့ နိုင်ငံရေး အမြင်သဘောထားမတိုက်ဆိုင်တဲ့နိုင်ငံရေးအတိုက်အခံ အင်အားစု များကလည်း ပိုမိုကောင်းမွန်သော နိုင်ငံရေးအသွင်အကူးအပြောင်း နဲ့  ဖြစ်ပေါ်နေသော အထွေထွေ ပြဿနာများနဲ့ ပဋိပက္ခများကို ဖြေရှင်းရေး အတွက် အလုံးစုံပါဝင် နိုင်တဲတွေ့ ဆုံဆွေးနွေးရေး၊ နိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင်ပေ့းရေး တို့ ကို ဖေါ်ဆောင်
ပေးဖို့ တစိုက်မှတ်မှတ်နဲ တော့င်းဆိုကြသလို၊ နိုင်ငံတကာ မိသားစု အသိုင်းဝိုင်းနဲ့ နိုင်ငံတကာအသီးသီးကခေါင်းဆောင်များက
လည်း နအဖအစိုးရကို ထပ်တူထပ်မျှ ထပ်လောင်းတောင်းဆိုထားပါသည်။၂၀၁၀ရွေးကောက်ပွဲကို ၀င်ေရာက်ယှဉ်ပြိုင်ကြသောဒီမိုကရေစီအင်အားစု ပါတီများကလည်း နိုင်ငံရေး
အကျဥ်းသားများလွတ်ပေးရေးကို လွတ်တော်အတွင်းတွင်ပြောဆိုတင်ပြခြင်းအား ဦးစားပေး အဆင့်အနေနဲ့ 
လုပ်ဆောင်မည်ဆိုတာကိုလည်း လွတ်တော်မ၀င်ခင် လုပ်ဆောင်တင်ပြရမဲ့ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ ဥပဒေရေးနဲ့ တရားစီရေးများ၊ စိုက်ပျိုးရေး၊အလုပ်သမားအရေး၊ လယ်သမားအရေး၊ စသောအကြောင်းအရာများအစုံစုံထဲတွင်သီးသန့်အကြောင်းရင်းတစ်ချက်အနေနဲ့ ထည့်သွင်းထား ကြတယ်ဆိုတာကိုလည်းပြောဆိုထားကြပါတယ်။
သို ပေ့မဲ့ လက်ရှိနိုင်ငံရေး အခြေအနေသည် သိသာထင်ရှားတဲ့ နိုင်ငံရေးပြောင်းလဲမှုကို တော့ဖြစ်ပေါ်လာဖို့ 
အတော်ကိုလိုနေပါတယ်။ နောက်ဖြစ်ပေါ်လာတဲ့အစိုးရပေါ်လာပြီးနောက်ပိုင်း အလုံးစုံပါဝင်နိုင်တဲ့ နိုင်ငံ ရေး ဖြစ်စဉ်နဲ့  တွေ့ ဆုံဆွေးနွေးရေးဆိုတာလည်း ၂၀၁၁ အစောပိုင်းကာလတွေ မှာဖြစ်ပေါ်လာနိုင်ချေ အလွန် ကိုနည်းပါသည်။
ယခုလက်ရှိ နအဖ ကခန့် ထားသော အစိုးရအဖွဲ့ အစည်းက သူတွေပြန်ပါမှာဖြစ်တာ ကတစ် ကြောင်း၊ နအဖအနေနဲ့ တက်လာမဲ့
အစိုးရရဲ နော့က်ကွယ်မှာတိုင်းပြည်ရဲ့ အာဏာကိုတော့ တစုံတစ်ခုသော အတိုင်းအတာထိပါဝင်ပတ်သက် ကာယူထား အုံး မည်ဆိုတဲ့အနေအထားမျိုးကလည်း မရှင်းမရှင်းနဲ့ ဖြစ်နေသည်ကိုလည်းတွေ နေ့ရပါသည်။
အတည်ပြုချက်မရှိ ကြားသိရတဲ့ သတင်းအရ အနိုင်ရပါတီဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီကနေ ယခင်ဖွဲ့ စည်းထားသော ကြံ့ခိုင်ဖွံ့ ဖြိုးရေးအသင်းဝင်များကို ခရိုင်၊မြို့ နယ်များ၊ တိုင်းဒေသပြည်နယ်ဒေသတို့ ရဲ့ အုပ်ချုပ်ရေးတွင် ထည့်သွင်းတာဝန်ပေးအပ်
မည် ဆိုတာတွေထွက်ပေါ်လာခြင်းဖြစ်ပါသည်။
ကြံခိုင်ဖွံ့ ဖြိုးရေး အသင်းများကလည်း အုပ်ချုပ်ရေးကို ၀င်ရောက်လာမယ်၊ ထို့ အတူ မြန်မာနိုင်ငံရဲ့  တစ်ခုတည်းသော စစ်မှုထမ်းဟောင်းများကလည်း တွဲ ပြီးတော့ ၀င်ရောက်စွတ်ဖက် မှုပေးမယ် ဆိုတာကလည်းပြောဆိုထား ကြပြန်ပါသေးတယ်။
ဒီအတွက် နောက်တက်လာမဲ့အစိုးရ အနေနဲ့  မြို့ နယ် ၊တိုင်း၊ ပြည်နယ်၊ အောက်ခြေအထိကို ကြပ်မတ်မတ်ချုပ်ကိုင်ထား တော့မဲ့
အခြေအနေကို ခင်းကျင်းထားသလိုဖြစ်နေပါတယ်။
ဒီအတွက် ပြည်သူပြည်သားတွေရဲ့ လွတ်လပ်ခွင်တွေ့ကို ဘယ်လိုနည်းနဲ့ ဖွင်ပေ့းမှာလည်းဆိုတာကို မေးခွန်း
အနေနဲ့ ထုတ်စရာရှိပါတယ်၊ အဘယ်ကြောင့်ဆိုသော်- မြန်မာနိုင်ငံတွင် လွတ်လပ်ပြီး နိုင်ငံရေး ပါတီများ လွမ်းမိုးမှုမရှိ၊
အစိုး၇နဲ့ လည်းမပတ်သက်သော လူမှုအထောက်ကူနဲ့ လူမှုရေးအဖွဲ့ အစည်းများ အင်အားတောင့်တင်းစွာနဲ့ ခိုင်ခိုင်မာမာ
မရှိသောကြောင့် ပြည်သူတို့ ရဲ့ အမှန်တကယ်လိုအပ်နေသော လက်တွေ့ လိုအပ်ချက်များကို လုပ်ဆောင်ပေးနိုင်ခြင်းများ
နဲ့ ထိရောက်မှုရှိခြင်း ၊ မရှိခြင်း၊မတရားမှုနဲ့ တရားမှုတွေ၊ မျှတမှုနဲ့ မမျှတမှုတွေ၊ ဥပဒေနဲ့ ဆိုင်တဲ့ကိစ္စတွေ၊ ဒီမိုကရေစီကျင့်စဉ်နဲ့ အညီ ရှိစေရမဲ့ အနိမ့်ဆုံးအဆင်တွေ့ကိုတောင် အစိုးရမှ သေချာစွာခွင့်ပြုလုပ်ဆောင်နိုင်ခွင့်ဆိုတာတွေ ရှိ ပါမလားဆိုသော အတွေး၊ မယုံကြည်တဲ့ အသိ အမြင် တွေကပြည်သူ တွေရဲ့ အားလုံးရင်ထဲတွင်ရှိနေတာကို သံသယဖြစ်စရာမလိုဘူးလို့ မြင်ပါတယ်။
ဒါကို လည်း န၀တကော ပြည်ခိုင်ဖြိုးပါတီအနေနဲ ကော့ မည်သူတစုံတစ်ေယာက်ကမှ အပြစ်ပြောလို့ မရပါဘူး။
အကျိုးကြောင်းတွေက ရှေးကရှိခဲ့ပြီးဖြစ်သောအကြောင်းတရားရဲ့ အဆက်များဖြစ်နေသလို ပြည်သူများကလည်းမအေးကဗေထိဆိုတာ
နဲ့  အရင်ဆုံးဆုံးရှုံးကာ အထိနာနေခဲ့ရတာအဖြစ်၊ အမြဲတစေ ဖိနှိပ်ခံနေရ၊ အထက်ဆိုတဲ့စကားလုံးနဲ့ အာဏာပိုင်ဆိုတဲ့စကားလုံး၊ လက်နက်ကိုင်ဆိုတဲ့စကားလုံးဆိုတာကို ကြောက်နေခဲ့ရ၊ အားကိုးမဲ့ခဲ့ရတဲ့အခင်းအကျင်းများနဲ့ ခံစားကြုံတွေ့ ခဲ့ရတာတွေက ဆယ်စုနှစ်တွေချီနေပြီလို့  သာ ပြောရမည်ဖြစ်ပါသည်။
ဒီအတွက် နောက်တက်လာမဲ့ အစိုးရနဲ့ အုပ်ချုပ်ရေး တွင်ပါဝင်လာမဲ့ကြံခိုင်ဖွံ့ ဖြိုးရေးအသင်းကလူများ၊ စစ်မှုထမ်း ဟောင်းကတာဝန် ရှိသူများ၊တ ခြားနိုင်ငံရေးပါတီများ လွတ်တော်တွင်း ရောက်လွတ်တော်ကိုယ်စားလှယ်များက ဒီမိုကရေစီရဲ့ အခြေခံအဆောက်အအုံတွေ
နဲ့  ပြည်သူအဖွဲ့ အစည်းတွေကို လွတ်လွတ်လပ်လပ် ဖေါ်ဆောင် ပေးနိုင်ခြင်းများကို လွတ်လပ်စွာဖေါ်ဆောင်ခွင့် ပြုရန် နဲ့ ပြည်သူများရဲ့ 
မေးစရာမေးခွန်းနဲ့ မယုံကြည်စိတ်များဖြစ်ပေါ်မှုတွေကို ကုစား ချေဖျက်ရန် ပြန်လည်လုပ်ဆောင်ပေးဖို့ လိုအပ် ပြီလို့ မြင်ပါတယ်။
ဒီတော့မှသာ ပြည်သူများအပေါ်တွင် လွှမ်းမိုးနေတဲ့မယုံကြည်တဲ့စိတ်များကို ပြန်လည်ကုစားလို့ ရမည်လို့ မြင် ပါသည်။
ပြည်သူအများစုထောက်ခံတဲ့ ဒေါ်အောင်ဆန်းစုကြည်လည်း အကျယ်ချုပ်ကနေပြန်လည်လွတ်မြှောက်လာပြီဖြစ်သလို အနှစ်၂၀ ကျော် သူမရပ်တည်ခဲ့တဲ့၊ရပ်တည်နေဆဲဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့ နိုင်ငံရေးပါတီအဖြစ် တရားဝင်ဆက်လက် ရပ်တည်ရေးအတွက် ဥပဒေအကြောင်းအရ လုပ်ဆောင်မှုများရှိသည်။ သို သော့် နအဖ အစိုးရရဲ့ တုန့် ပြန်မှုတွေကလည်း ယနေ့ ချိန်
ထိ တော့ သဲသဲကွဲကွဲရှိသလိုလို ၊ မရှိသလိုလို လိုလို ဆိုသောအနေအထားနဲ့ ရှိနေသည်။
ဒီအတွက်ကြောင့်လည်း နိုင်ငံရေးပါတီတရပ်အနေနဲ့ လုပ်ဆောင်ဖို့ လုပ်ငန်းများသည်လည်း သဲသဲကွဲကွဲ မဖြစ်သေးသလို ၊ေ၀၀ါးစွာတည်ရှိနေသည့်အချိန်ဖြစ်နေသည်မှာလည်းမဆန်းချေ။ သည့်အတွက်ကြောင့်လည်း အတိုက်အခံအင်အားစုများ အားနည်းနေသည်လို့  မည်သည့်နိုင်ငံရေးအကဲခတ်ကမှ ခိုင်မာ တိကျစွာပြောလို့ မရတဲ့အချိန်ဖြစ်နေပါသည်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ရပ်တည်မှုနဲ့ လက်ရှိပကတိအခြေအနေကို ကောင်းစွာသုံးသပ်ပြီး
ဖြစ်သ၍ မိမိရဲ့ အဖွဲ့ ချုပ်ကို ပြန်လည်အားဖြည့်လုပ်ဆောင်နေရတဲ့အချိန်ဖြစ်နေသည်။
မရှိမဖြစ်လိုအပ်တဲ့ ပြည်သူအသံနဲ့ ပြည် သူလက်တွေ့ လိုအပ်ချက်များကို ဖေါ်ဆောင်ရန် ကြိုးစားလုပ်ဆောင်ဖို့ အကောင်အထည်
ဖေါ်နေတဲ့ ကာလ တစ်ရပ်လည်းဖြစ်နေပါသည်။
သို သော့်လည်း ထိရောက်သော အလုပ်များနဲ့ သိသာထင်ရှားတဲ့ အရွေ့ များကတော့ မဖြစ်လာသေးပါ။
ဒေါ်အောင်ဆန်းစုကြည်သည် လွတ်မြှောက်ပြီးနောက်ပိုင်း ပြောဆိုသောအကြောင်းအရာများတွင် တိုင်းပြည်အတွက် သူမဦးဆောင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် နအဖနဲ့ လည်းတွေ့ ဆုံဆွေးနွေးရေးကိုလည်းအမြဲရှာဖွေလုပ်ဆောင်သွားမည်၊ ၂၀၁၀ရွေးကောက်ပွဲအနိုင်ရသွားသောပြည်ခိုင်ဖြိုးပါတီနဲ့ လည်းလက်တွဲဆောင်ရွက်နိုင်ပါသည်လို့ လည်းပြောကြားထားသလို၊
ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ နအဖအစိုးရအားလုံးကို မည်သို့ မျှအာဃတ မထားကြောင်း ၊ မည်သို့ မှတုံပြန်လက်စားချေဖို့ လည်းမရှိကြောင်းဆိုတာကိုပြောဆိုထားသည်။ အနောက်၊ဥရောပ၊ သြစတြေးလျှ၊ကနေဒါစသောနိုင်ငံများက စီးပွားရေးပိတ်ဆို့ ခြင်းကို ရုပ်သိမ်းရန်တောင်းဆိုခြင်းကိုလည်း လည်းသူမမည်သို့ လုပ်ဆောင်မည်ဆိုတာကိုလည်း ဖွင့်ဟထုတ်ဖေါ်ပြောဆိုထားသည်။
ရွေးကောက်ပွဲ မျှတမှုရှိခဲ့တယ်မရှိခဲ့တယ်ဆိုူတာကိုပြည်သူနဲ့ ကမ္ဘာကို တင်ပြဖို့ လုပ်ဆောင်မည်လိုေ့ပြာထားသည်။ လူငယ်များနဲ့ ပြည်သူလူထုကွန်ယှက်ကြီးဖွဲ့ ဖို့ ရည်ရွယ်ကြောင်းနဲ့ လုပ်ဆောင်လိုကြောင်းပြောထားသည်။ တိုင်းရင်းသားပဋိပက္ခများအတွက် အကောင်းဆုံးဖြေရှင်းနည်းမှာ ဒုတိယပင်လုံကို ပြုလုပ်သင့်သည်လို တော့င်းဆိုတာကိုထောက်ခံထားသည်။
သို သော့် ယနေ့ အချိန် ထိ အခြေခံဥပဒေကို မကြိုက်သည်ဖြစ်စေ၊ မထောက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ၂၀၁၀ရွေးကောက်ပွဲက ဖြစ်ပေါ်လာသော အစိုးရ နဲ့ မည် သို့ မည်ပုံ ပူးပေါင်း ဆောင်ရွက်မည်ဆိုတဲပေါ့်လစီနဲ့ လုပ်ငန်းစဉ်များကို ချမှတ်ထားခြင်းမရှိသေးဘူးလို့ ယူဆရတဲ့အနေအထားလည်းဖြစ်နေပါသည်။
နအဖရဲ့ တုံပြန်မှုများနဲ နော့က်လာမဲ့ အစိုးရရဲ့ နိုင်ငံရေး အခင်းအကျင်းများကို စောင့်ကြည့်လို၍ တို့ ထားသော ပေါ်လစီများ အချောသတ်ဖို့ မလုပ်နိုင်သေးတာနဲ စော့င့်ဆိုင်းရေးကာလအဖြစ်သတ်မှတ်ထားသည်လို့ မြင်မိပါသည်။
( ဖွံ့ ဖြိုးရေး နဲ့ တိုးတက်ရေးများ၊ လူမှုရေးအဖွဲ့ အစည်းများပေါ်ပေါက်ရေးနဲ့ ထိုအဖွဲ့ အစည်းများအားကောင်းဖို့ အစိုးရနဲ့ နိုင်ငံရေးပါတီများပှုးပေါင်းအကောင်အထည်ဖေါ်ဆိုခြင်း ဆိုသည့်လုပ်ငန်းရပ်များကိုဆိုလိုပါသည်)
အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံသည် အဖက်ဖက်ကကျဆင်းနေသည့် အခြေအနေတွင် အစိုးရဆိုသော အခန်းတစ်ခုတည်းနဲ့ 
မည်သည့် ပြောင်းလဲရေးကိုမှ အောင်မြင်အောင် မလုပ်ဆောင်နိုင်ပါ။
ထိုအတူ စနစ်ပြောင်းသည်ဖြစ်၍ အစိုးရတစ်ခုတည်းတွင်ပင် အုပ်ချုပ်မှုနဲ့ စီးပွားရေးစီမံ့ခန့် ခွဲမှုများကမှုမတည်နေချေ၊ နိုင်ငံရေးဦးဆောင်သူ အားလုံး၊ စီးပွားရေးပညာရှင်တွေမှာကောတာဝန်ရှိပါသည်။ အစိုးရရဲ့ စီးပွားရေးစီမံခန်.ခွဲမှု ကိုလည်းမထောက်ပြနိုင်၊ ကိုယ်တိုင်လည်း ထုတ်ေဖါ်မပြောပြနိုင်၊ မလုပ်တတ် နိုင်ရင် နိုင်ငံရဲ့ နိုင်ငံရေးကို ဦးဆောင်သူများမဟုတ်တော့ပါ။ အစိုးရဖြစ်စေ၊ နိုင်ငံရေးခေါင်းဆောင်များဖြစ်စေ စီးပွားရေးပေါ်လစီတွေ၊ အုပ်ချုပ်ရေး အပိုင်းတွေမှာလည်း သေသေချာချာ ကျွမ်းဝင်မှုကို မရှိဘူး ၊ဈေးကွက်ကိုမရှာနိုင်၊မဖန်တီးနိုင် ခဲ့ဘူး၊ ဈေးကွက် အပြိုင်အဆိုင် နဲ့ အရည်အသွေးနဲ့ ထုတ်ကုန်ကို မထိန်းသိမ်းနိုင်ဘူးဆိုရင်တော့ နိုင်ငံနဲ့ အစပြုပြီးလုပ်ရမဲ့ စီးပွားရေး အကျိုးကိစ္စတွေကော အနိမ့်ဆုံး
ဖြစ်တဲ့ အသေးစားစီးပွားရေးလုပ်ငန်းတွေထိကို ထိရောက်စွာ စီမံခန်.ခွဲနိုင်မှာ မဟုတ်ဘူးဆိုတာတွေဖြစ်လာနိုင်ပါတယ်။
ဒါတွေက အခုလာမဲ့ ၅နှစ်အတွင်း မှာကြုံမဲ့အစိုးရအဖွဲ့ နဲ့ နိုင်ငံရေးဦးဆောင်သူတို့ ရဲ့ အရည်အချင်းတွေက ဘယ်လောက်ထိ၊ အစိုး၇နဲ့ နိုင်ငံရေးပါတီဦးဆောင်သူတွေ အပြန်အလှန် လက်တွဲ လုပ်ဆောင်နိုင်မှုတွေရဲ့  ရလဒ် ပေါ်မှာမှုတည်နေပါတယ်။
တိုင်းပြည် ဖွံ.ဖြိုးတိုးတက်ဖို့ အဓိကကျနေတဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို လုပ်နိုင်ဖို့ ဆိုရင်တော့ ဖြစ်ပေါ်လာမဲ့အစိုးရမှာကော နိုင်ငံရေး ခေါင်းဆောင်တွေမှာကော အပြန်အလှန် ဟန်ချက်ညီဖို့ နဲ့ ဖြစ်သင့် ဖြစ်ထိုက်သောအခြေခံများကိုဦးစားပေးကာ ဖိဖိစီးစီးလုပ်ဖို့ စဥ်းစားပြင်ဆင်ရတော့မည်ဖြစ်ပါ သည်။
လောလောဆယ် လက်ရှိအချိန်မှာတော့ တိုင်းပြည်တွင် နိုင်ငံရေးအရဘဲကြည့်ကြည့် ၊ လူမှုဖွံ့ ဖြိုးရေး အပိုင်းအရဘဲကြည့်ကြည့် ၊ ဒီမိုကရေစီတိုးတက်ဖွံ့ ဖြိုးရေးနဲ့ ပြည်သူလူထုအဖွဲ့ အစည်း များအား ကောင်းရေးအတွက် ဘဲကြည့်ကြည့် ၊ တိုင်းရင်းသားညီညွတ်ရေး နဲ့  စည်းလုံးရေးကိုဘဲ ကြည့်ကြည်၊ အပစ်ခတ်ရပ်စဲရေးနဲ့ ပြည်တွင်းစစ်အပြီးသတ်ရေးကိုဘဲကြည့်ကြည့်နိုင်ငံရေး ထိပ်စည်း ခေါင်းစဉ်အရတော့အများကြီးဖြစ်နေပါသည်။
အားလုံးခြုံငုံပြီးတော့ ကြည့်လျှင် အပြောင်းအလဲတစ်ခုအတွက် ရွေ့ ဖို့ ပြင်ဆင်နေသည်ဟုလည်း သတ်မှတ်ပေးရင်ရနိုင်ပေမဲ့ အရွေ့ မဖြစ်နိုင်သေးသောအင်အားနည်းမှုများစွာနဲ့ ဖြစ်တည်နေ သော အနေအထားများဖြစ်နေပါသည်။
မည်သို့ ပင်ဆိုစေကာမှု ဖြစ်ပေါ်နေသည့် အခင်းအကျင်းများနှေးကွေးနေ သည့်အတွက် အလွန်အရေးကြီးသော မဖြစ်မနေ လုပ်ဆောင်ရ မည့် အရပ်ဘက် စစ်ဘက် ပြေပြစ်စွာပြန်လည် ဆက်ဆံရေးဆိုသော အကြောင်းအရာခေါင်းစဉ်သည်လည်း နောက်တန်းသို့ ကျနေသေးသည့် အခြေအနေဖြစ်ပါသည်။
သည့်အတွက် အနာဂတ် နိုင်ငံရေးပြောင်းလဲခြင်းတွင် အလွန်နှောက်နှေးမှုများကားရှိလာအုံးမည်ဖြစ်သည်။
အရေးကြီးသည့်တချက်အနေ နဲ့ နိုင်ငံရေးပါတီများ မဖြစ်မနေကြိုးစားရမည်မှာ လက်ရှိတိုင်းပြည်ရဲ့ အခြေအနေကို လွတ်တော်အတွင်း
ရောက်မဲ့ လွတ်တော်ကိုယ်စားလှယ်တို်င်းလိုလို က လိုအပ်ချက်များကို ခေါင်းစဉ်များချကာ အသေးစိတ်ဆွေးနွေးဖို့ လွတ်တော်အတွင်း ကနေ စတင် ပြီး အခင်းအကျင်းဖန်တီး ပေးရေးဖြစ်ပါသည်။
ထိုသို့ လွတ်တော်ကိုယ်စားလှယ်တိုင်းဆွေးနွေးဖြစ်မြှောက်ဖို့ အတွက် ပြင်ပ တွင်ရှိသော လွတ်တော် ထဲမ၀င်ရောက်သွားရသည့် နိုင်ငံရေးပါတီများ၊ ပြည်သူလူထုကိုယ်စားပြုအဖွဲ့ အစည်းများနဲ့ နိုင်ငံရေး ဦးဆောင်မှုပေးနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်တို့ ကနေ ထိရောက်သော်ဖိအားကိုပေးနိုင်ဖို့ လည်းပြင်ဆင်ရမည်ဖြစ်ပါသည်။
ပြီးခဲ့သည့် ညောင်နှစ်ပင် အမျိုးသားညီလာခံမှာတွေ့ ဆုံပြီးပြီလို့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ နောက် ကွယ်တွင်ရှိနေသော အရင် နအဖ အစိုးရအလိုကျငြင်းဆိုမှုမပြုနိုင်သောအခြေအနေမျိုးမဖြစ်ရန်အတွက် လည်း လိုအပ်ေသာအခြေအနေနဲ့ အခင်းအကျင်းကိုဖြစ်ဖို့ ဝိုင်းဝန်းကြိုးစားရမည်ဖြစ်ပါသည်။
ဒီမိုကရေစီစနစ်ကို အသွင်ကုူးပြောင်းပါတယ်လို့ နအဖ အစိုးရအနေနဲ့ လက်ခံထားပြီးဖြစ်သလို ဖွဲ့ စည်း ပုံအခြေခံဥပဒေလည်းရေးဆွဲပြီး ၊ရွေးကောက်ပွဲလည်းကျင်းပကာ အစိုးရတစ်ရပ်ကို ဖေါ်ဆောင်ကာ တိုင်းပြည်ရဲ့ အချုပ်ချာ အာဏာကို လည်း လွဲပေးခဲ့ သည်လို့ ပြည်သူပြည်သားနဲ့ နိုင်ငံတကာမိသားစုကို လုပ်ပြနိုင်ခဲသေ့းရင်၊ ဒီမိုကရေစီရဲ့ မဖြစ်မနေရှိသင့်တဲ့ အခြေခံရင့်ကျက်မှုတွေပျိုးထောင်ဖို့ 
တော့ ခွင့်ကို ခွင်ပေ့းရပါတော့မယ်။
ပြည်သူတွေပါဝင်ဆောင်ရွက်ခွင့်နဲ့ လုပ်ပိုင်ခွင့်များကိုယခင်မဆလပါတီခေတ် နဲ့ စစ်အုပ်ချုပ်ေရးစနစ် တုံးကလို တင်းကျပ်စွာ ဆုပ်ကိုင်ထားလို့ မရတော့တာတောသေ့ချာနေပါတယ်။
ဒါကဖြစ်လာရမဲ့အဖြစ်တရားလို့ မြင်ပါသည်။
ဒီတော့ ပြည်သူတွေပါဝင်လာနိုင်အောင် နိုင်ငံရေးတက်ကြွသူများက ဘယ်လိုတွေဖေါ်ဆောင်ပေးကြ မလည်းဆိုတာကလည်းအလွန်ကိုအရေးကြီးပါတယ်။
ဒါတွေကိုယခုလိုအချိန် တဖက်နဲ့ တဖက်ဆိုတဲ့ အနေအထားဆိုတဲ့ အခင်းအကျင်းရှိနေတဲ့အဖြစ်မို့ ပိုပြီးတော့ ဂရုစိုက်ပြီး လုပ်ဆောင်ရမဲ့အနေအထားဖြစ်ပါသည်။အထူးသဖြင့်ယုံကြည်ခြင်းဖြစ်တည်မှုကိုအစပြိုးနိုင် ဖို့ လိုပါသည်။
ကျွန်တော်တို့ အရမ်းလောလို့ မရသလို နောက်ကျလို့ လည်းမရပါဘူး အားလုံးကို အချိန်နဲ့ အခြေအနေနဲ့ 
ပကတိကိုမကျော်လွန်ဘဲ ကိုက်ညီအောင်လုပ်ဆောင်နိုင်မှ အဆင်ချောမွေ့ မယ်လို ယူဆပါတယ်။
ဒီတော့ အမှန်ကိုအမှန်အတိုင်းဆိုတာကော ပကတိဖြစ်နေတဲ့အခြေအနေနဲ သွေ့ဖှီပြီး ဖြစ်သင့်တာ
ထက် မဖြစ်နိုင်သေးတာတွေကို ထိမ်းကျောင်းပေးနိုင်ဖို့ ဆိုတာက စတုတ္ထမာန်တိုင်လိုေ့ပြာတဲ့ သတင်း
နဲ့ ဂျာနယ်လစ်တွေရဲ့ အကုအညီက ဒီနေရာမှအရမ်းကိုအရေးကြီးပါတယ်။
ပဋိပက္ခတွေပိုမိုများစေနိုင်မဲ့ အာဘော်တွေကို လျှော့ချနိုင်ဖို့ ကလည်း အရေးပါသလို အမှားတွေကို
အပြုသဘောရှုထောင့်ကနေတင်ပြပြီး ပြင်ဆင်ဖို့ မီးမှောင်းထိုးနိုင်ရပါမယ်။
လောလောဆယ် မကြာသေးခင်ဖြစ်သွားသော လယ်သမားများသူတို့ ရဲ့ အခွင့်အရေးများ ကိုအေးချမ်းစွာတောင်းဆို တာမျိုး
တွေက အလွန်ကောင်းသော အနေအထားဖြစ်သလို နအဖအစိုးရရဲ့ တုံပြန်မှုကိုလည်းကျွန်ေတာ်တို့ အပြုသဘောအရ ကျေနပ်မှုမရ သည့်တိုင်အောင်ကြိုဆိုရပါမယ်။
ဒါတွေက နောက်ဖြစ်လာမဲ့ လျှောက်ရမဲ့ ခရီးစဉ်များအားလုံးအတွက် ကောင်းမွန်သော အခင်းအကျင်း
လို့ မြင်ရပါမယ်။ မကျေနပ်ချက်တွေ ၊ မတရားမှုတွေ ၊ မညီမျှမှုတွေ၊ခွဲခြားမှုတွေ ဆိုတဲ့အကြောင်းအရင်း
တွေနဲ့ ဖြစ်ပေါ်လာမဲတော့င်းဆိုမှုတွေကလည်း နောက်ဆို ရင် ဆက်တိုက်ဖြစ်လာမှာတွေကို ချောမွေ အော့င်ဆောင်ကြဉ်း
ပေးဖို့ နဲ့ အဖြေရှာနိုင်ဖို့ ကျွန်တော်တို့ လမ်းပြမှုတွေနဲ့ အပြုသဘောတွေကို လမ်းဖွင့်ကာ ကြိုဆိုဆက်ဆံရပါမယ်။
ထိုသို သော့အခင်းအကျင်းမျိးများကို အေးဆေးစွာအဖြေရှာပေးစေခြင်းဖြင့် ၊ ပံပိုးကူညီလမ်းပြခြင်းဖြင့် နိုင်ငံရေးအဖွဲ့ အစည်း
အားလုံး သည် တက်လာတဲ့အစိုးရကို တနည်းတလမ်းဖြစ် ပှုးပေါင်း ဆောင်ရွက်ပေးသည် လို့ သတ်မှတ်ပေးနိုင်သလို ၊ တွေ့ ဆုံဆွေးနွေးရေးနီးစပ်ဖို့ အတွက် အထောက် အကူပြုစေသောအကြောင်းအရာ အချက်များလို့ မြင်ပါသည်။
ဘာဘဲပြောပြော ယခုလာမဲ့ လွတတောသက်တမ်း ၅ နှစ်အတွင်းမှာပင် အထက်ပါ တိုးတက်မှုများ ဖြစ်ပေါ်လာတာနဲ့ အမျှ နိုင်ငံရေးပါတီများအတွင်းတွင်လည်း နိုင်ငံအရေး ကိုတကယ်လုပ်ချင် သူများ တိုးပွားလာမည်ဖြစ်သလို ၊ အမှန်တကယ်နိုင်ငံရဲ့ နိုင်ငံရေးပြောင်းလဲရေးကာလတွင် နိုင်ငံသားတိုင်းလည်း
အင်တိုက်အားတိုက်နဲ့ ထပ်မံ ပါဝင်ဆောင်ရွက်လာကြခြင်းဖြင့် အရွေ့ တစ်ခုကိုသိသာစွာဆုပ်ကိုင်နိုင်ပြီလို့ မြင်ပါသည်။
ဗြုတ်စဗျင်းတောင်းနဲ့ သွားတောမည့် ၂၀၁၁ နိုင်ငံရေးခရီး အစ
Labels: သုံးသပ်တင်ပြခြင်း, ဆောင်းပါး | ပို့စ်တင်သူ အတူတကွလက်တွဲကြစို့ ၂၀၁၀ ရွေးကောက်ပွဲ လည်းပြီးသွားပါပြီ၊ လက်ရှိဖြစ်နေသောနိုင်ငံရေး အခင်းအကျင်း ရေချိန် နဲ့ ဒီဂရီ သည် တဖြေးဖြေး သိသာစွာ စတင်ပြောင်းလဲနေပါသည်။ လာမဲ့ ၂၀၁၁ နိုင်ငံရေး အခင်းအကျင်းအသစ်တို့ တွင် မြန်မာနိုင်ငံရေး မျက်နှာစာတွင် ဦးဆောင်မဲ့ သူ အခန်း ၌ မျက်နှာ သစ် တွေ ပိုမို များပြားပါဝင်လာတာကို မငြင်း နိုင်ပါ၊ ငြင်းလို့ မရသလို အသိမှတ်လည်း မပြုလို့ မရပါ။
သူတို့ သည် အမှန်တကယ်ကို ဖြစ်ပေါ်လာမဲ့ နိုင်ငံရေးကစားဝိုင်း အသစ်တွင် ပလေယာအသစ်များအနေနဲ့ သော် လည်းကောင်း ၊ အိုင်ဒီယာ အသစ်များထည့်သွင်းပြီးတော့ ၂၀၀၈ အခြေခံဥပဒေကို အခြေခံပြီးကာ မြန်မာ့နိုင်ငံရေး အတွက် လိုအပ်သော အကြောင်းအရာများကို ညှိနို်ုင်း လုပ်ဆောင်ကြရတော့မဲ့ သူတွေဖြစ်နေကြပါသည်။
ရှင်းရှင်း မြင်သာအောင်ပြောရလျှင် စစ်ဖက် ၊ အရပ်ဖက် ပြသာနာများကို ကိုလွတ်တော်အတွင်းမှာ စတင်ပြီး ညှိနိုင်းမှုများ လုပ်နိုင်ခွင့်နဲ့ လုပ်ဆောင်လို့ ရမဲ့ နေရာဖြစ်သည်လို့ မြင်ပါသည်။
လောလောဆယ် တွင် နိုင်ငံရေး အစ်ရှုးတွေ များပြားစွာထွက်လာပေမဲ့ သေသေချာချာကြည့်လျှင် ၂၂ နှစ်လုံးလုံး မေ့ပျောက်ခြင်း နဲ့ အားပေးမှု့ ပြုရခြင်းများကို မလုပ်ဆောင်ခဲ့မိတဲ့ ကြီးမားသော အကြောင်းအရာဖြစ်တဲ့ CIVIC SOCIETY များအားကောင်းရေးနဲ့  CIVIC SOCIETY များပေါ်ထွန်းရေးကို ကြီးမှ ၀က်သက်ပေါက်သလို ပြန်ပြီးတော့ လုပ်ဆောင်နေရတဲ့ အချိန်ဖြစ်နေသည်။
၂၀၁၀ ရွေးကောက်ပွဲအနိုင်ရ ပါတီများအနေနဲ့  သိသာထင်သာသော အကြောင်းအရာများ ဖြစ်သည့် စီးပွားရေး အခြေခံအကြောင်းအရာများ၊ ပညာရေးနဲ့ ကျန်းမာရေး အခြေခံအကြောင်းအရာများ၊ လူမှုရေး ကိစ္စများ၊ အုပ်ချုပ်မှုရေးရာများ၊ လက်ရှိဖြစ်ပျက်နေသော တရားရုံးများနဲ့  ရဲ ဌာန တို့ တွင် လဒ် စား ခြင်းနဲ့  မမျှတသည့် ဥပဒေ စီရင်ခြင်းကိစ္စများ၊ အပြည့်အ၀ ပြန်လည် ပံပိုးပေးခြင်းမလုပ်ဘဲ တစိုက်မှတ်မှတ်နဲ့  တောင်းခံနေသော ဈေးခွန်၊ မီးခွန်၊ မြေခွန်နဲ့ ပတ်သက်ခြင်း ကိစ္စများ၊ စိုက်ပျိုးရေး အထောက်ကူပြု ပံ့ ပိုး ပစ္စည်းများ၊ မျိုးစေ့နဲ့  ကြိုတင် ချေးငွေကိစ္စများ၊ စသဖြင့် စသဖြင့် ထယ်ထယ်ဝံ့ ၀ံ့  နဲ့ အကြောင်းအရာ ခေါင်းစဉ်အလိုက် ၊ လွတ်တော်ထဲသို့  ၀င်ရောက် ၊ ပြောဆိုတင်ပြရမည့် ပြည်သူကိုယ်စားလှယ်များ ကို သက်ဆိုင်ရာ ပါတီများ အနေ နဲ့ ညှိနိုင်းဆွေးနွေး တင်ပြခြင်း၊ အချက်လက်များ ကြိုတင် စုစည်းပေးထားခြင်း၊ ပြည်သူတို့ ရဲ့ လက်ငင်းလို အပ်ချက်များ၊ ရေတိုရေရှည် အနေနဲ့ ကြည့်မြင်ကာ သုံးသပ်လုပ်ဆောင်ရန် နည်းဗျူဟာများချခြင်းနဲ့  မည်သို့ မည်ပုံ ဆိုသော လုပ်ငန်းစဉ် အပိုင်း များခွဲခြားရေးဆွဲကြသည်ဆိုတာကို ပမာဏ သဘောထားအနေနဲ့ တောင် ပြည်သူကို ချပြပြောဆိုထားနိုင်ခြင်း အား ကျယ်ကျယ် လောင် လောင်နဲ့ လည်း ထုတ်ဖေါ်ပြောကြားလာနိုင် ခြင်း မရှိပါ၊ ပြောလည်းမပြောနိုင်ကြပါ။
ထို့ သို့ သောအ ကြောင်း အရာများကို ပြောဆိုရန်အတွက် လည်း မည်သည် လူမှု အဖွဲ့ အစည်း ကမှလည်း ပြောဆို ဖိအားပေး ခြင်းနဲ့ တစိုက် မှတ်မှတ် ပြောဆိုနေခြင်း လည်း မရှိပါ။
အမှန်တကယ်တွင် ပြည်သူတွေက ရွေးချယ် တင်မြှောက် ပေးပြီးဖြစ် တဲ့အတွက် လက်ရှိတရားဝင် ပါတီအသီးသီးမှ အနိုင်ရ ကိုယ်စားလှယ်ဆို သူများသည်လွတ်တော်တွင် ပြည်သူ့ ကိုယ်စားလှယ် ဖြစ်သွားပြီး ပြည်သူ ကိုယ်စား ပြည်သူအကျိုး အတွက် အဓိက ပထမဆုံး အရေးကြီး ဦးစားပေးအဆင့်အနေနဲ့ ပြောဆိုလုပ်ကိုင်ရမည်ဖြစ်သည်။
ပြည်ခိုင်ဖြိုးအပါအ၀င် အနိုင်ရ ပါတီ များ သည် လွှတ်တော်အတွင်းတွင် တင်ပြပြောဆိုမှုများအတွက် ဆွေးနွေးနေ ပါသည်ဆိုသည့်သတင်းသည် ၊ မီဒီယာများမှတဆင့် နိုင်ငံသူနိုင်ငံသားများက သိရှိနေကြသည်။ မည်သည့် ပါတီက မှ ရွေးကောက်ပွဲ ၀င် စဉ်အချိန်တုံးက ပြည်သူတွေကြား ဝေမျှခဲ့သည့်လက်ကမ်းစာစောင်ပါ စကားများ၊ ပြောဆိုခဲ့သော စကားများကို ထပ်လောင်းအတည်ပြု ပြောဆိုခြင်းမျိုး တောင်အနည်းဆုံး မပြောလာခဲ့ကြချေ။
ဒီမိုကရေစီစနစ်နဲ့ နိုင်ငံရေးအသွင်ကူးပြောင်းရေး အစပျိုးမည့် ကာလဟု နအဖ အစိုးရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင် ပြောဆိုခဲ့ပြီး ပံပိုး အားပေးပြုထားသော ကြံခိုင်ရေးနဲ့ ဖွံ့ ဖြိုးရေးပါတီ သည် သတ်မှတ်သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် လွတ်တော် ကိုယ်စားလှယ် အများဆုံးနဲ့ အနိုင်ရပါတီကြီးဖြစ်ခဲ့သည်။
ပြည်ခိုင်ဖြိုး ပါတီသည်အနေနဲ့ လည်း အထက်ပါအကြောင်းအရာ များကို ပြည်သူလူထုကို ထုတ်ဖေါ်ပြောဆိုခြင်းကား လုပ်ရပေမည်၊ သို့ သော် ယနေ့ ထိ ရွေးကောက်ပွဲသာ ပြီးသွားသည် ပြည်သူကို အလွန်ကျေးဇူးတင်ရှိပါ ကြောင်း ဆိုသော နိုင်ငံပိုင် သတင်းစာများတွင်သာ ဖေါ်ပြပြီး မိမိတို့ လုပ်ချင်ရာလုပ်မည်ဆိုသည် မှုကို ဆက်လက်ကိုင်စွဲကာ ဒီမိုကရေစီ ကျကျ အခွင့်အရေးများကိုမပြောနဲ့ ၊တစ်ပါတီစနစ်ဟောင်းရဲ့ အကျင့်စရိုက်များ အတိုင်းနှင့် ပွဲတောင်မစရေးဘူး နိုင်ငံရေး မလှိမ့်တပတ် နဲ့ ပြည်သူလူထုကို မလေးမစားနဲ့ လုပ်ရိုးလုပ်စဉ် အလုပ်တစ်ခုလို လုပ် ဆောင်တာကိုတွေ့ ရပြန်ပါသည်။
ထိုကဲ့သို့ အခြေအနေကြောင့် လည်း ကျန် အနိုင်ရ ပါတီသေး၊ပါတီအလတ် တို့ မှာ ကျွန်တော်တို့ စီစဉ်နေပါ သည် ဆိုတာမျိုးနဲ့  သာ ခပ်ဖေါ့ဖေါ့လေး ပြောနိုင်တဲ့ ဟန် ကိုသုံးကာ နအဖ စစ်အစိုးရ ကို မ၀ံ့ မရဲ နဲ့  သွေးတိုးစမ်းကာ ပြောရ တဲ့ အနေအထားရောက်သွားရတာလည်း အထူးအဆန်းမဟုတ်ပေမဲ့အထူးအဆန်း ဖြစ်သည်ဟုမြင်ပါသည်။
ထိုအတူ NGO အဖွဲ့ အစည်းများနဲ့  တခြားသော ဘက်ပေါင်းစုံမှ လူမှုအဖွဲ့အစည်းများကလည်း မိမိတို့ ကြုံတွေနေရ သောအခြေအနေများမှ မည်သည့်အချက်များ မည်သည့်အခြေအနေများကို အစိုးရ မှ ကူညီသင့်သော အချက်များ၊ ထိန်းချုပ် ထားဖို့ မသင့်တော် သော လုပ်ငန်းများ၊ မဖြစ်နိုင်သော လုပ်ထုံးလုပ်နည်းများနဲ့ အချိန် ကုန်ပြီး ထိရောက်မှု မရှိသော ချမှတ်ထားသည့် အမိန့် များ ၊ဥပဒေများကို လွတ်တော်အတွင်း တင်ပြကာ ပြန်လည် ပြုပြင်ချမှတ် ပေးသင့် ကြောင်း၊ စသော စသော အကြောင်းတို့ ကိုထောက်ပြ၊တင်ပြပြောဆိုဖွင့် ဟထား ခြင်းမရှိပါ။
များမကြာသော အချိန်တွင် နအဖအစိုးရ မှ ကျင်းပပေးမည့် ၂၀၁၀ရွေးကောက်ပွဲ ရလဒ်ပါကိုယ်စား လှယ်များအတွက် လွတ်တော် ခေါ်ယူရေးနဲ့  ထိုလွတ်တော်ကို ခေါ်ယူရန် ခွင့်ပြုပါကြောင်း၊ လွတ်တော် ခေါ်ယူခွင့် သတ်မှတ်ပေးဖို့ ရက်စွဲ့  နဲ့ ကျင်းပမည် လွတ်တော် အစည်းအဝေး သုံးရပ်အတွက် အစီစဉ်များကို ကြေညာတော့မည် ဖြစ်သည်။ ထိုလွတ်တော်ကိုရွေးကောက်ပွဲကော်မရှင်ကနေ နအဖရဲ့ ခွင့်ပြုမိန့် နဲ့ ကျင်းပကာ ၂၀၀၈အခြေခံဥပဒေကိုအကောင် အထည် ဖေါ် ကာ အသက်သွင်း အတည်ပြု တော့မည်ဖြစ်သည်။
ယနေ့ မြန်မာနိုင်ငံသည် တပါတီအာဏာရှင်စနစ်အောက်မှာ ပါတီစုံနိုင်ငံရေးနဲ့ ဒီမိုကရေစီစနစ်အသွင်သို့ ကူးပြောင်း သောကာလတစ်ရပ်ရဲ့  အစဦး ကာလဖြစ်ပါသည်။
ထိုအတူနိုင်ငံရဲ့ အဖက်ဖက်သော ယန္တယားကြီးများ သည် တစ်ပါတီအာဏာရှင်စနစ်နဲ့ အထက်မှအောက်သို့ ဗဟိုမှ ကြိုးကိုင် အုပ်ချုပ်သောကြိုးနီစနစ်ကြီးကြောင့် ဖောက်ပြန်သော အကျင့်စရိုက်များနဲ့  သေးသိမ်သော စိတ်ဓါတ်များဖြင့် နိုင်ငံရဲ့  အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးတို့ တွင် ဖြစ်တည်ခဲ့သလို၊ စီးပွားရေး တွင်လည်း ဈေးကွက် စီးပွားရေး စနစ်ကို အနိမ့်ဆုံး အဆင့်အနေအထားနဲ့ အောင်မြင်အောင်ဖေါ်ဆောင်အားပေးထားခြင်းမရှိပါ။
တချိန်တည်းမှာပင် နှစ်ပေါင်းများစွာ အကျင့်ပျက်ခြစားမှုတွေနဲ့ တစ်ပါတီစနစ်ကအမွေပေးထားခဲ့သော တွေးခေါ်ရေး ဆိုင်ရာ နဲ့ လူနေမှု အကျင့် စရိုက်များ၊ လွတ်လပ်ရေး မရခင်ကနဲ့ လွတ်လပ်ရေးရ ပြီးအချိန်နောက်ပိုင်းမှာ လုငယ် အပေါင်းကို ကြီးစိုးလွန်းခဲ့တဲ့ တဖက်စွန်းရောက် လက်ဝဲ၀ါဒသမားများရဲ့ အတွေးအခေါ်များ ၊ ဆိုရှယ်လစ်ဝါဒ သမား များရဲ့ အတွေးအခေါ်များ၊ ဆိုရှယ်လစ် မကျ၊ ကွန်မြူနစ်မကျ သူငယ်နာမကင်း သော သူများ ရဲ့ ပဋိပက္ခများကလည်း ယနေ့ မြန်မာနိုင်ငံရဲ့  နိုင်ငံရေးအသွင်အကူးပြောင်းလဲရေးတွင် အလွန်ကို နောက်ပြန်စွဲ စေသော အခင်းအကျင်း များ ဖြစ်နေပါသည်။ အဘယ်ကြောင့်ဆိုသော ထိပ်တိုက်ရင်ဆိုင်ရေးနဲ့ မီးဇာတဖက်ရေမှုတ်တဖက် ကို ကိုင်ကာ နိုင်ငံရေး အမြင်များနဲ့ ချီတက်ခဲ့ကြသည်၊ အင်အားများသူ အင်အာကြီးသူတို့ က အင်အားနည်းသူကို အပြီးသတ်ရှင်းလင်းရေး ဆိုသောမှုကို ကိုင်စွဲခဲ့ကြ သည့်အနေအထားကလည်း ထင်းထင်းကြီးဖြစ်လာသောကြောင့်နောက်ပြန်စွဲ အခင်းအကျင်း များဟုပြောရခြင်း ဖြစ်ပါသည်။
ထိုသို့ မှုဝါဒရေးရာများနဲ့ အတွေးအခေါ်ရေးရာများကွဲပြားခြင်းအောက်မှာနိုင်ငံရဲ့  စီးပွားရေးစံနစ် တည်ထောင် ထားမှု ကလည်းအကြိမ်ကြိမ် မှား ယွင်းကာ ကမောက်ကမနဲ့ ရှိခဲ့ပြီး၊ နိုင်ငံရဲ့ အခြေခံအဆောက် အုံများ တိုးတက် ရေးဆိုတာ ထက် အဆောက်အုံးတစ်ခုလုံးကိုပင် ထို အကျင့်ပျက်စရိုက်များက ပြန်လည်တိုက်စားဖျက်ဆီးပစ်နေတာကို တွေ့ မြင်
နိုင်ပါသည်။ မြန်မာနိုင်ငံ ရဲ့  အဂတိလိုက်စားခြင်း၊အကျင့်ပျက်ခြင်းသည် အတော်ကိုအရောင်သွေး စုံ လင်ပေသည်။
အကျင့်ပျက်ခြစားမှု ရောင်စုံနေသည့် မြန်မာနိုင်ငံတွင် ကာလကြာရှည်သော အာဏာရှင်စနစ်နဲ့  ဆိုးဝါးသော ညံ့ဖျင်းသော အုပ်ချုပ်ရေးစနစ် အခြေတည်နေခဲ့မှုရဲ့ အကြောင်းတရားတို့ ကြောင့် ယနေ့ နိုင်ငံရေးအသွင်ကူး ပြောင်းရေး ကာလ တွင် အကျိုးတရားအဖြစ် ကြီးမားသော အနှောက်ယှက်အဖြစ် ထည့်သွင်းရမည့် အချက်တချက်ဖြစ်သည်။
တချိန်တည်းမှာဘဲ မြန်မာနိုင်ငံရဲ့ ခြစားမှုပြဿနာ အပေါင်းကို ပါးစပ်ကနေ သူကလက်ညိုးထိုး၊ ကိုယ်က လက်ညိုး ကာ၊ ထုတ်ပြစ်ခြင်းနဲ့  ဖမ်းဆီးခြင်း၊ မီဒီယာများ၊ စာတန်းများနဲ့ စာရွက်များပေါ်တွင် ဖွင့်ဟပြောဆို နေယုံနဲ့  ရှင်းလင်းဖွင့် ချနေယုံနဲ့  မပြီးပါ၊ ပျောက်ကွယ်သွားဖို့ လည်းမမြင်ပါ၊ မိမိတို့ တိုင်းပြည် ရဲ့  အဓိက ကျတဲ့  ယဉ်ကျေးမှု ဓလေ့ထုံးတမ်းနဲ့  စာရိတ္တ ယိုယွင်းပုံ အစကို ပြန်ပြီးကောက် ကြောင်းယူကာ လုပ်ဆောင်မှရမည်ဖြစ်ပါသည်။
ဒီမိုကရေစီကျင့်စဉ်နဲ့ ကျင့်ထုံးများဖောဖောသီသီနဲ့ လူုတိုင်းကျင့်သုံးနိုင်ရေး၊ အုပ်ချုပ်မှုစနစ်ကောင်း တရပ်ပေါ် ထွက်လာရေး၊ အများပြည်သူ တိုင်းရင်းသားအပေါင်းရဲ့ လေးစားမှု၊ ယုံကြည်မှုများနဲ့ ဖြစ်တည်လာသော အစိုးရ
တစ်ရပ် ပေါ်လာဖို့ အတွက် လက်ရှိ ၂၀၁၀ ရွေးကောက်ပွဲ မှာ အနိုင်ရ ပါတီမှာတော့ လုံးဝ ထွက်ပေါ်လာစရာ
အကြောင်းတော့ မရှိချေ၊ သို့ သော် နောက်လာမဲ့ ၂၀၁၅ ၊ ၂၀၂၀၊ ၂၀၂၅ လောက်ထိ တိုင်အောင် ကို အထက်ပါ အချက်များ ပြည့်မှီ အောင် အားလုံးက စိတ်ရှည်စွာနဲ့ ကြီးမားသော မဟာစိမ်ခေါ်မှုကြီးတစ်ရပ် အဖြစ် ရင်ဆိုင်ကာ မလျှော့သော ဇွဲနဲ့ ကြိုးစားလုပ်ဆောင်ရမဲ့ အနေအထားရှိနေသည်ဟုမြင်ပါသည်။
သည့်အတွက် လွတ်လပ်တဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေရေးနဲ့ စီးပွားရေးစနစ် ဖြစ်တည်လာဖို့ ထိ ဘယ်သို့  ဘယ်ပုံ လုပ်ဆောင်ရန် လွတ်တော်အတွင်း မည်သို့ လုပ်ဆောင်ညှိနိုင်းပြင်ဆင် ရေးဆွဲကြမည်ဆိုတာလည်း အရေး ကြီးသလို၊ လွတ်တော်ပြင်ပရှိ လှုမှုရေးအဖွဲ့ အစည်းများအားကောင်းဖို့ နဲ့ ထို လူမှုရေးအဖွဲ့ အစည်းများနဲ့  အထောက် အကူပြု အင်အားစု များတို့ ရဲ့ ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းရပ်များက သဟဇာတနဲ့ လိုက်လျှောညီထွေမှု၊ အပြန်အလှန်အကျိုးသက်ရောက်မှုတို့ သည်လည်း အလွန်ကို အရေး ကြီးလှသည်။
ထိုအတွက်ကြောင့်ကျွန်ပ်တို့ မဖြစ်မနေ လုပ်ဆောင်ရ မည်မှာ ယနေ့ အသွင်ပြောင်း သောကာလတွင် ဖြစ်တည်ရမည့် ၊ ကျိုးစားအား ထုတ်ရမည့်၊ လုပ်ဆောင်ရမည့်ကိစ္စရပ်အားလုံးတို့ ကို အားသွန်ခွန်စိုက်နဲ့ နိုင်ငံရေး တိုးတက် လုပ်ဆောင် မှုများတွင် တရားဝင် တည်ထောင်ထားသော နိုင်ငံရေးပါတီများကလည်း ဦးဆောင်လုပ်ဖို့ တက်ကြွနေရမည်ဖြစ်သလို၊ တခြားသော လူမှုရေးအဖွဲ့ အစည်းများတွင် လုပ်ဆောင်နေကြသော သူများကလည်းတက်ကြွ စွာနဲ့ လုပ်ဆောင် ပြည်သူများကို ချပြ ပြောဆို လေ့ကျင့်ပြုစုပေးထောင်ခြင်းနဲ့ ၊ အဆင့်ဆင့် နဲ့ ဖြတ်သန်းရမည့် ပြုပြင်ပြောင်း လဲရေး အတွက် ထိထိမိမိနဲ့ အထောက်အကူဖြစ် စေမည့် အထောက် အကူပြု မှုများကို ပို့ ချလုပ်ဆောင်ရေးတို့ ကို အားကြိုးမာန်တက် ၀ိုင်းဝန်းလုပ်ဆောင်ဖို့ ဆော်အော်ရမည် ဖြစ်ပါသည်။
သို့ သော် ထို သို့ သောအကြောင်းအရာများကား ယနေ့ အချိန်ထိ တစ်ခုမှမတွေ့ ရသလို ပြည်သူလူုထုရဲ့ မြင်ကွင်း မှာ ထင်ထင်ရှားရှားလည်း မရှိလာသေးပါ။ မည်သည့် ထူးခြားမှု နဲ့ တိုးတက်ပြောင်းလဲ မှုမရှိသော မြင်ကွင်း အနေနဲ့ ရှိ နေသေးသည်။
သည် အချိန်တွင် ဖြစ်နေသည်မှာ လွတ်တော်တော်မခေါ်ရသေးဘဲ ၊ နိုင်ငံတော်အလံပြောင်း အမိန့်  တွေ ထုတ်ပြန်နေပြီ ဆိုတာတွေအစ နိုင်ငံပိုင် အဆောက်အုံများ ကိုအတင်း လေလံတင်ရောင်းချပွဲနဲ့  အနိုင်ရ ပါတီက ၀န်ထမ်းများ က နိုင်ငံရဲ့  တိုင်း၊ ပြည်နယ် ၊မြို့ ၊ ရွာ အုပ်ချုပ်ရေးဌာနများတွင် ၀င်ရောက် မည့်ကိစ္စများ၊ အခွန်မတရားကောက်ခံမှုများနဲ့  ရေအားလျှပ်စစ်ထုတ်လုပ်ပြီး မြို့သူမြို့ သားများ က ခံစား ၊စံစား ခွင့်မရသည့်ကိစ္စ၊ လူနေမှု အထွေထွေ အကြပ်အတည်း ကိစ္စ များအလယ် ၊ နယ်စပ်ဒေသ တိုင်းရင်းသားများနဲ့ စစ်ပွဲအဆုံး နဲ့ စစ်ဘေးတိမ်းရှောင် ထွက်ပြေးလာသော ကိစ္စ၊ အနောက် နဲ့ ဥရောပနိုင်ငံတို့ ရဲ့  စီးပွားရေး ပိတ်ဆို့ ထားမှုများ၊ နိုင်ငံတကာအနုူ ရာဇ
ဝတ်မှုဆိုင်ရာ ကိစ္စများကျူးလွန်မှုအတွက် စုံစမ်းစစ်ဆေးရေးကိစ္စ၊ အစစသောအစ်ရှုး များက ဆူညံစွာနဲ့  ဖြစ်ပေါ်နေပါသည်။
လက်ရှိမြင်ကွင်းနဲ့  ဖြစ်ပျက်နေသောအခြေအနေနဲ့ ၊တည်ရှိနေသော အနေအထားတို့ တွင် စတင် လုပ် လို့  ရတဲ့ နိုင်ငံရေး အခင်းအကျင်းက တော့ကျွန်တော်တို့  သည် အခုလာမဲ့ လွတ်တော်အတွင်းထိတွေ့ ညှိနိုင်းပြောဆိုခြင်းနဲ့  လိုအပ်သည့် အခြေခံကျသောအချက်များကို ပြောဆိုရင်း နဲ့ ဒီမိုကရေစီ ကျင့်စဉ်များကို မဖြစ်မနေ ကို ၀ိုင်းဝန်း ဖေါ်ဆောင်ရတော့မည်ဖြစ်သည်။
ထိုအတူ လွတ်တော်ပြည်ပမှ နေပြီး အင်အားကောင်းသော လူမှုအဖွဲ့ အစည်းများနဲ့ ပြည်သူများရဲ့ တောင်းဆို ဖိအား ပေးခြင်းများကို လုပ်ရင်းနဲ့ တဆင့်ခြင်းတက်လှမ်းရမည့်အခြေအနေကလွဲပြီးတခြားသော ငြင်သာ ပျော့ပျောင်း သော လမ်းမရှိပေ။
ဒီ ချောတိုင် ( ဒေါက်တာနေ၀င်းမောင်ပြောသလိုပေါ့)ကို ကျွန်တော်တို့  ကြိုးစားတက်ရပါမယ်၊ အကြိမ်ပေါင်းများစွာ
လည်းတက်ရပါအုံးမယ်။ အခု တကြိမ်နဲ့  မပြောနဲ့ နောက်တက်မဲ့ အကြိမ်တိုင်း လည်း စိတ်တိုင်းကျဖြစ်လာအုံးမယ်
လို့ မှန်းဆတွက်ချက်လို့ မရနိုင်သေးပါဘူး။
သို့ ပေမဲ့ ဒီလိုကြိုးစားပြီးတက်နေတဲ့အချိန်တွင်းမှာ ကျွန်တော်တို့  ရဲ့  လိုချင်တပ်မက်သော ဒီမိုကရေစီ စနစ်နဲ့  လူအခွင့်အရေးတွေ ၊ လုသားတိုင်း အခြေခ့ရပိုင်ခွင့်နဲ့ ဒီမိုကရေစီကျင့်စဉ်၊ ကျင့်ထုံးတွေကို လည်း တချိန်တည်း
ကြိုးစား လုပ်ဆောင်သွားနိုင်ဖို့ လိုပါတယ်။
ကျွန်တော်တို့  တွင် စိတ်ဓါတ်ကျစရာမရှိသလို၊ ကျွန်တော်တို့  ဘာမှ ဟန်မဆောင်ပြီးတော့ ပြောစရာလည်းမလို ပါဘူး။ ပြည်သူအာဏာ ကို ပြန်လည်ရရှိဖို့ အတွက် စစ်အစိုးရကို အထောက်ကုူပြုနေတဲ့ တလွဲ ဆံပင်ကောင်း အီ
လက် ဆိုသူတွေနဲ့  ကျွန်တော်တို့ ယှဉ်ပြိုင်ပြီးတော့ လုပ်နိုင်ရန်အတွက်နဲ့ လွတ်တော်အတွင်း၌ ဒီမိုကရေစီ စနစ်ကို မြတ်နို်းသော လူငယ်ပညာတတ်အားလုံး အင်တိုက်အားတိုက်ပါ ၀င်နိုင်ရေးကို လုပ်ဆောင်ရပါမယ်။ နိုင်ငံတော်ရဲ့  အမြင့်ဆုံး အာဏာနဲ့ စီမံခန့် ခွဲအုပ်ချုပ်ရ တဲ့ အစိုးရ ထဲအထိ့ ဝင်ရောက် လုပ်ဆောင်နိုင်အောင် အင်အားကောင်း ကောင်းတောင့်တင်းတဲ့အနေအထား အထိ လုပ်ရပါ တော့မယ်၊ ဒါမှသာ ချောတိုင်ထိပ်က အလံကို ဆုတ်ကိုင်နိုင်မည်ဖြစ်သည်။
နိုင်ငံရေးအာဏာ လောဘ၊ လူမှုရေး မနာလို မှုတွေ အပေါ်မှာ တကျော့ပြန် တုံပြန်မှု များအား၊ ကြို တင် ကာကွယ်သော အခင်းအကျင်းများကို ထပ်ဆောင်းလုပ်ဆောင်ထား သောကြောင့် ၊ ဆုံးရှုံးမှု၊ နစ်နာမှု များစွာနဲ့  အပြင်းအထန် တိုက်ခိုက်ကစားရတဲ့ ကစားပွဲ ကြီးဖြစ်နေတာကို လည်း ကောင်းစွာသတိထားမိပါတယ်။
ဂလဲ့စားမချေ၊ လက်စားမချေဆိုတဲ့ ချေ နှစ်ချေ ကို ဘယ်လောက်ထိ ကျင့်သုံးနိုင်မလည်းဆိုတာရယ် ၊
နောက်ပြန်မလှည့် တခန်းရပ် မလုပ်နို်င်၊ မကြေငြာနိုင်မခြင်း ၊ လက်ရှိ ဖြစ်ပျက်နေသော အခြေအနေမှာ အနာဂတ်မြန်မာနိုင်ငံအတွက် ကောင်းစရာလမ်းတစ်ချက်မှမရှိနိုင်ပါ။
အတွင်းစိတ်တွေရဲ့  ရန်ငြိုး တွေ၊ ရန်ကြွေးဆပ် ဖို့  ကို စကားလုံး လှလှလေးတွေနဲ့ ဖန်တီးသူတွေ ၊ ထပ်ပြီးတော့ ပေါ်ပေါက်လာမဲ့ ရန်သူသစ် တွေနဲ့ အလွန့် အလွန် အန္တရယ်များနဲ့  ပြည့်နှက်နေတဲ့ စိမ်ခေါ်ပွဲကြီး များ ကိုဖြတ်သန်းကြရမည်ဖြစ်ပါသည်။
ထိုအတူ ယခုအချိန်မှာကော နောင်မှာကော တွေ့ ရ မြင်ကွင်းနဲ့ အခင်းအကျင်းများသည် အလွန်ကို အန္တရာယ်ရှိတဲ့လမ်းလျှောက်လှမ်းရမည်ဖြစ်သလို၊ လျှောက်လှမ်းသူ တိုင်း လည်း ဆက်တိုက် ဆိုသလို မှတ်ကျောက်တင် စိမ်ခေါ် မှုများကြုံတွေ့ ရမည်ဖြစ်သည်၊ ဒီလိုအနေအထားတွေ
နဲ့ ဘဲ တစ်ယောက်ပြီးတစ်ယောက် ဒီမိုကရေစီ စနစ် အမြစ်တွယ်ဖို့ ၊ ရှင်သန်ဖို့ နဲ့  တိုးတက် ကာ ဖွံ့ ဖြိုးဖို့ ဆိုတာတွေ ကို လက်ဆင့်ကမ်း အကောင်အထည်ဖေါ်ရင်း နဲ့  ချီတက်ရမည့် အခြေ အနေဖြစ်ပါသည်။
မည်သို့ ပင်ဆိုစေ…မည်သည့်အခက်ခဲဘဲကြုံနေရသည်ဖြစ်စေ၊ ကျွန်တော်တို့ သည် လည်းကောင်း နောက် မျိုးဆက်သစ် လုူငယ်တို့ သည်လည်းကောင်း နောက်တကြိမ် စစ်အာဏာသိမ်းပွဲမဖြစ်ရေး၊ ဒီမိုကရေစီ
နဲ့ အရပ်သားအစိုးရ၊ ပြည်သူအာဏာပြည်သူပြန်လည် ရရှိရေးဆိုတာကိုတော့ ဆက်လက်ပြီး တစိုက်မတ်မတ်
နဲ့ ဦးတည်ချက်မပျောက်ဘဲ လုပ်ဆောင်သွားကြရ မည်ဆိုတာကတော့အသေအချာဖြစ်သည်။ ။
၁၊၁၊၁၁ ရန်ကုန်
.
တော်သောကစားသမားများနဲ့ ကန်ပြီး ရှုံးခဲ့ရသောနိုင်ငံရေးကစားပွဲ
Labels: သုံးသပ်တင်ပြခြင်း, ဆောင်းပါး, လေ့လာခြင်း | ပို့စ်တင်သူ အတူတကွလက်တွဲကြစို့ အင်္ဂလိပ်အခက် ဗမာအချက် ဆိုသော စကားသည် လွယ်လွယ်နဲ့ ပြောခဲ့ကြသည်မဟုတ်. လွယ်လွယ်ကူကူနဲ့  ထုတ်ပြန်ပြောဆိုခြင်းမဟုတ် အချိန်နဲ့ အခြေအနေ ၊ ရန်သူအနေအထား၊ ရန်သူပတ်ဝန်းကျင်၊ လက်ရှိမိမိနဲ့ ဖြစ်ပျက် နေသောအနေအထား ပေါင်းစုံကို စစ်ရေးအရကော၊ နိုင်ငံရေးအရကော၊
ကျောထောက်နောက်ခံနဲ့  မိမိရပ်တည် မှုအခြေအနေ ၊ မိမိကြိုးစားအားထုတ်မှု၊ ဖြစ်ပျက်နေမှုများကို ပကတိ သိမြင်ကာ ၊ ယုံကြည်ချက်များကို အခြေခြံပီးတော့ထုတ်ပြန်ပြောဆိုခဲ့သည့်စကားစု ဟု ကျွန်တော်အကြွမ်းမဲမြင်ပါသည်။
သို့ ကြောင့်လည်း လွတ်လပ်ရေးရရန် တိုက်ပွဲဝင်နေကြသော မြေပေါ်မြေအောက် လုငယ်ခေါင်းဆောင်တို့ အားလုံး သည် မိမိတို့ နဲ့ ကိုက်ညီသည့် အခင်းအကျင်း မှန်သမျှကို ထိ စပ် မှု အားကောင်းကောင်းနဲ့ အကောင်အထည်ဖော်နိုင်ခဲ့ကြသည် လို့ မြင်ပါသည်။
ဒါတောင် အင်္ဂလိပ်အခက် ဗမာအချက်လို့ ဆိုခဲ့သည့်တိုင်အောင် မြန်မာနိုင်ငံရဲ့ လွတ် လပ်ရေးကား စပြီး တာထွက်ကတည်း က အတုအယောင်နဲ့ ဆုံတွေ့ ခဲ့ရပြန်သေးပါသည်။
မည်သို့ ပင်ဖြစ်စေကာမှု နောက်ဆုံးတော့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးကို အင်္ဂလိပ်ကိုလိုနီတို့ ထံမှပင်ပြန်လည် တောင်းယူရသလို အင်္ဂလိပ်တို့ က ပေးသော လွတ်လပ်ရေးကို ပင်ယနေ့ ထိ အသိမှတ်ပြုကာ မြန်မာနိုင်ငံ သည် ကမ္ဘာနိုင်ငံများ အလည်တွင် လွတ်လပ်သော ၊ အချုပ်ခြာအာဏာပိုင်စိုးသော နိုင်ငံတနိုင်ငံအဖြစ်သီးသန့် ရပ် တည် နိုင်ခဲ့ သည်မှာ ၄ရက် ဇန်န္ဒ၀ါရီလ ၁၉၄၈ မှစတင်ခဲ့သည်။
ပစ္စုပန် နိုင်ငံရေး တွင် ယခင်ကထက် အလွန်သတိထားရမည်အချက်များတွင် စီးပွားရေးဆိုသောအကြောင်းနဲ အချုပ် ချာ အာဏာ စိုးမိုးကာ၊ထိန်းသိမ်းထား နိုင်သည် ဆိုသော အခြေအနေ တို့ ကို ထည့်သွင်းစဉ်းစားဖို့ လိုအပ် ပါသည်။
ယနေ့  ကမ္ဘာကြီးတွင် တနိုင်ငံနဲ့ တနိုင်ငံ ဆက်ဆံပြောဆိုခြင်းတို့ သည် နိုင်ငံရေး၊ စီးပွားရေး ၊စစ်ရေး နဲ့ အချုပ် အခြာ နယ်မြေကို သြဇာအပြည့်နဲ့ ထိမ်းသိမ်းကိုင်တွယ်ထား နိုင်ခြင်းတို့ ရဲ့  အင်အားတို့ တွင် မှုတည်နေပါသည်။
တနိုင်ငံနဲ့ တနိုင်ငံ လည်း ထို အချက်များကို ကြည့်ပြီး နိုင်ငံရေး ပါဝါပြိုင်ကြသလို၊ စီးပွားရေး ချဲ့ ထွင် လုပ်ကိုင်မှုကို လည်းနိုင်ငံရေး မဟာမိတ် များမှတဆင့် အပြိုင်အဆိုင်ခြေကုတ်လုပ်ဆောင်ကြသည်။
သည့်အတွက်ကြောင့်လည်း နိုင်ငံတနိုင်ငံရဲ့ အခြေခံဥပဒေသည် အထူးပင်အရေးကြီးသလို ၊ ထိုအပေါ်တွင် အခြေခံပြီး ၊ ဦးဆောင်နေသော သူများရဲ့ တွေးခေါ်မှု၊ လုပ်ကိုင်မှု၊ စဉ်းစားမှုနဲ့ ကြိုးစားအားထုတ်မှု့ များရဲ့ ပုံရိပ် သည် နိုင်ငံ တစ်ခုတည်း အတွက်သာ မဟုတ်၊ ထိုနိုင်ငံတွင် မှီတင်းနေထိုင်သော ပြည်သူအပေါင်း အတွက်လည်း အများကြီးပြောင်းလဲ မှုကို ဖြစ်တည်စေပါသည်။
ယခင် ၁၉ ရာစု ၂၀ ရာစု ကာလ အပိုင်းများကဲသို့  အတင်း မှုသေတစ်ခု ကို ကိုင်ပြီးတော့ ပြောဆို၍ မရတော့ချေ၊ ၊ ကမ္ဘာ့ နိုင်ငံများရဲ့ နိုင်ငံရေးအနေအထား ဖြစ်တည်ပြောင်းလဲခြင်း အခြေအနေ ၊ ပတ်ဝန်ကျင်နိုင်ငံများ၊ ဒေသတွင်း ဆိုင်ရာ နိုင်ငံများရဲ့  စီးပွားရေး အရင်းအမြစ်များနဲ့ စီးပွားရေးအခြေအနေ၊ စစ်ရေး နဲ့ နိုင်ငံရေး အချုပ်ခြာကိုင်စိုး ထား နိုင်မှုတို့ ကို ၊ အချိန်အခါ မခြား ဘက်စုံနီးပါးမျှ သိမြင်ရမည်ဖြစ်သလို သေချာကျွမ်းကျင်စွာလုပ်ဆောင်နိုင်ပါမှ ထိုနိုင်ငံရဲ့ ရှေ့ ကံကြမ္မာမည်သို့ မည်မျှဆိုတာကို ပြောဆိုလို့ ရ မည်ဟု မြင်ပါသည်။
ယနေ့ မြန်မာနိုင်ငံရေးကား အဖြေ မရှာ နိုင်သေးသလို တဖက်နဲ့ တဖက် တင်းမာမှု မှုများကား မပြီးဆုံးနိုင်သေးချေ။
လွယ်လွယ်နဲ့ လည်း မပြီးဆုံးနိုင်ပေ၊ နိုင်ငံရေးပြဿနာအရပ်ရပ်ကို လွတ်လပ်ရေးပင်မရသေး စစ်ရေးဖြစ် ရှင်းဖို့  ကြိုးစားခဲ့ကြသည်အကျိုး ဆက်နဲ့ နိုင်ငံရေးကို နိုင်ငံရေးအမြင်နဲ့ မျက်နှာချင်းဆိုင် တွေ့ ဆုံညှိနိုင်း ကာ ၊ ဖြေရှင်းတည်
ဆောက်လုပ်ကိုင် သည့် အကျင့် ကို အကောင်အထည်မဖေါ်ခဲ့ကြ၊ ကြိုးစားမကျင့်ကြံကြ သောကြောင့်ဖြစ်သည်။
ထို့ ကြောင့်လည်း လွတ်လပ်ရေးရပြီးနောက်ပိုင်း ပို၍ပင် ပြည်တွင်းမီးတောက်လောင်ခဲ့သည်။ ငြိမ်းချမ်းဆွေးနွေးရေးများကို တချိန်တခါတုံးက (ပူပးနွေးနွေးအချိန်ကာလ)တုံးက ဆွေးနွေးညှိနှိုင်းခွင့်ရသည်ဆိုပေမဲ့ တိုးတက်သော နိုင်ငံရေးအခြေအနေနဲ့ ပြည်တွင်းစစ်ပြီးဆုံးရေး မဖြစ်ပေါ်လာခဲ့ချေ။ မည်သည့်ဖက် မှာ နိုင်ငံရေးဆွေးနွေးပွဲများကို ဖြစ်နိုင်ချေရှိသော အကြောင်းအရာများမှ စတင်ဆွေးနွေးမှုကို မလုပ်ခဲ့ကြဘဲ ပါ. စစ်ရေး အနေနဲ့ ကားဆိုဖွယ်မရှိပေ။
ပြင်းထန်သောစစ်ပွဲများနဲ့ အပြီးသတ်ချေမှုန်းရေးဆိုသော အခင်းအကျင်းများနဲ့  ပြည်တွင်းစစ်ကြီးကို အာဏာရ အစိုးရနဲ့  ဘတပြန် ကျားတပြန်ု တည်ဆောက်ခဲ့ကြသည်။
သို့ သော် ခေတ်သစ်နိုင်ငံရေး ဗျူဟာ အခင်းအကျင်းများ တွင် စစ်ရေး အစား နိုင်ငံတကာ ဖိအားများအဖြစ် လက်နက်တစ်ခု အသွင် ( စစ်တိုက် သကဲ့သို့ ) နဲ့  ဒီင်္မိုကရေစီရေးကို ထောက်ခံသော ကမ္ဘာ့ နိုင်ငံများရဲ့ အားကို ယူကာ ခင်းကျင်းကြသည်။
ပြည်တွင်းပြည်ပ အတိုက်အခံခေါင်းဆောင်အားလုံးတို့ သည် ကမ္ဘာ့ နိုင်ငံတကာမိသားစု အသိုင်းအ၀ိုင်း မှ မြန်မာနိုင်ငံရှိ စစ်အစိုးရအား နိုင်ငံရေးစဖိအားများကို ဒေါင့်ပေါင်းစုံမှပေးခြင်းဖြင့် မိမိတို့ လိုချင်သော နိုင်ငံရေးပြောင်းလဲမှုကို လုပ်ဆောင် ရန် အကြိမ်ပေါင်းများစွာ ကြိုးပမ်း ခဲ့ကြသည်။
သို့ သော် အတိုက်ခံအင်အားစုများရဲ့ ဦးဆောင်မှုအပိုင်းများတွင် ပြည်တွင်း၊ပြည်ပ ခေါင်းဆောင်များ ချိတ်ဆက်မရှိခြင်းနဲ့  ပွင့်လင်းမှုမရှိသော ချည်းကပ်မှုများ၊ ခေါင်းဆောင် ဆောင်တွင်း လှစ်ဟာ မှုများ ကြောင့် ဖြစ်တာလာသော ရလဒ်များ၊ အခြေအနေအချိန်အခါနဲ့  မကိုက်ညီခြင်း၊ သိမှတ်နားလည်မှုလွဲမှားခြင်း တို့ ဖြင့် အလွဲလွဲ အချော်အချော် နဲ့ အမှားအယွင်းများဖြစ်ခဲ့သည်ဟုမြင်ပါသည်။
ပိုပြီးဆိုးသည်မှာ ကျွန်တော်တို့ အတိုက် အခံအင်အားစု များသည် လက်ရှိ ရောက်ရှိနေသည့် အခြေအနေ ကိုကောင်းစွာ သိမြင်မှုများကား နည်းလွန်းသည်။ တိုင်ပင်များ လည်းလွဲနေတဲ့အပြင် အခြေအနေလည်း လွဲမှားစွာဖြင့် အလွန်အကျွံ သုံးချမှုများဖြင့် ရလဒ်ကောင်းများတစ်ခုမှ မ ဖြစ်ပေါ် ခဲ့သည်ဟုဆိုလို ခြင်း ဖြစ်ပါသည်။
ထို့ အတွက် နိုင်ငံရေးဖိအားများသည် တစုတစည်းတည်း ဖြစ်တည်နေခြင်းမရှိဘဲ ၊ ထိရောက်မှုနည်းသော၊ အလွန်နှေးကွေးသော ပြောင်းလဲခြင်းမျိုး များအနေနဲ့ သာဖြစ်ပေါ်ခဲ့ပြီး ယနေ့ အချိန်ထိ ထို ဖိအားတို့ သည် တိကျသော သက်ရောက်မှု တစုံတရာ ကို ထိထိမိမိနဲ့ မရှိခဲ့သေးချေ။
စစ်ဖက် အရပ်ဖက် နှစ်ဖက်စလုံးသည် တဘက်နှင့် တဘက် မကြေနပ်သော အာဃာတ များ၊ မယုံကြည်မှုများကို ဟန်ဆောင်ခါဟွာ ချခြင်း များ ဖြင့် ရပ်တည်လာခဲ့ကြပါသည်။ သည်အတွက်ကြောင့်လည်း နိုင်ငံရေး ပဋိပက္ခများကို ဆွေးနွေး ပွဲသည် အမှန်တကယ်တော့ နိုင်ငံရေး ကစားပွဲ အဖြစ် သို့ တည်းမဟုတ် နိုင်ငံရေးအကြပ်အတည်း တွင် ထွက်ပေါက်အနေနဲ့ လျှော့ဖို့ အတွက် လုပ်ဆောင်ခဲ့ကြသည် ဟု လို ဆိုလျှင်လည်း မမှားနိုင်ကြောင်း ဟုထင်မြင်ပါသည်။
ကျွန်တော်တို့ သည် နိုင်ငံရေး စစ်မျက်နှာတွင် စစ်အစိုးရကို အောင်နိုင်ကောင်းနိုင်ပေမဲ့ ၊ကျွန်တော်တို့ အောင်နိုင် မှုသည် နိုင်ငံတကာဖိအားများ ပိုမို များပြားအောင် တွန်းအားအဖြင့် ပေးရသည် ဖိအား ထိုးစစ်သာဖြစ်သည်။ သိမ်းပိုက်တိုက်ယူက ချုပ်ကိုင်နိုင်သည့်အဆင့်သို့ မရောက်ခဲ့ပေ။၊
ခေါင်းဆောင်များကိုယ်တိုင် လည်း မိမိတို့ ကိုယ်တိုင် မည်သည့် စစ်မျက်နှာတွင် ရပ်ကာ တိုက်နေသည်ဆိုတာကို သေသေချာချာ ဆန်းစစ် ကာ မှန်မှန်ကန်ကန် သိမြင်နိုင် ခဲ့သူများ အလွန်လွန်ကို ပင်နည်းပါး ခဲ့သည်။
လက်ရှိအခြေအနေကိုဘဲကြည့်ပါစို့ 
ပြည်ပရှိ အချင်းမတူ ၊ အသွင်တူ သလိုရှိသော နိုင်ငံရေး အတိုက်အခံများ အားလုံး ရဲ့ အခြေအနေသည် ညီညာမှုမရှိပေမဲ့ နိုင်ငံရေး ထင်ပေါ်မှုကိုလိုချင်သောအားဖြင့် အပြိုင်အဆိုင် ၊ အဖြေမထွက်နိုင်သော ဗျူဟာတစ်ခု ကိုပြီးတစ်ခုချ ကာနိုင်ငံရေး အုံကြွမှုတစ်ခုကို
ရအောင်ကြိုးစားနေ သည့်အနေအထားကိုကြိုးစား ဖန်တီးထားကြသည်။
အသွင်တူသော လက်နက်ကိုင် တော်လှန်ရေးများသည် လည်း ခံစစ်ဆိုသည်နယ်မြေကို အသေကိုင်ကာကာ၊ လှုပ်ရှားမှုအနေနဲ့ ရှေ့တိုး၍ ပျောက်ကြားများ
အဖြစ် န၀တ စစ်တပ်ကို စီးချင်းထိုးရန် အတွက် နိုင်ငံရေးအုံကြွမှုနဲ့ မတည်ငြိမ်ဖြစ်မှုကို စောင့်ကာ အဆင်သင့်ဖြစ်အောင်လှုပ်ရှားနေကြသည်။ ထိုလက်နက်ကိုင်အင်အားစုများအားလုံး သည် တပေါင်း တည်းစုစည်းကာ command and control ဆိုတာကို Solid ချုပ်ကိုင်ထားနိုင်တဲ့ စုစည်းတည်ဆောက်ခြင်း မျိုး မရှိ ခဲ့သည့်အတွက် အတိုင်းတာတစ်ခုထိသာပံပိုးပေးနိုင်မဲ့ အနေအထားအဖြစ်ရှိပြီး စစ်အစိုးရကို စိုးရိမ်ရလွန်းသည် အင်အားစုကြီး တစ်ခုအနေနဲ့ တော့ရပ်တည်ထားနိုင် သည် အနေအထားမရှိပါ.
ကျွန်တော်တို့ တွင် နိုင်ငံရေးဦးဆောင်သည့်ခေါင်းဆောင်ကိုယ်စားလှယ် များသည် Good Transparency မရှိသောကြောင့်လည်းကောင်း၊ မည်သူသည် ကိုယ်စားပြုခေါင်းဆောင်များဖြစ်သည်၊ ထိုသူနဲ့ ထို အဖွဲ့ များသည် မည်သည့် လူမျိုးများရဲ့ ထောက်ခံမှုကို အပြည့်အ၀ ရသည် မရသည် ဆိုတာကို ရှင်းလင်းတိကျစွာ မရပ်တည်နိင်ခဲ့ကြသည့် အတွက် အမြဲတမ်း ရန်သူ ဘက်မှ ထိုးနှက်သော Responsibiility, Repspensitive ဆိုသော စကားရပ်များ တွင် လက်တွေ့ ပိုင်း ပြဿနာတက် နေခဲ့ရပါသည်။
တချိန်တည်းမှာ ရန်သူသည် အလွန်ကို နိုင်ငံရေး ကောက်ကျစ် ပါးနှပ်စွာဖြင့် ရရှိထားသော အာဏာနဲ့  အခွင့်အရေးကိုပိုင်ပိုင်နိုင်နိုင် တရားသည် မတရားသည်ကို စိုးစေ့မျှလုံးဝမကြည့်ဘဲ ရန် ငါစည်းပြတ်ကာ အတိုက်အခံတို့ ရဲ့  စိမ်ခေါ်နေသော နိုင်ငံရေးဖိအား စစ်မျက်နှာများကို ခံစစ်အနေအထားမှ တိုက်စစ်အသွင်ကို ဆက်တိုက် ပြောင်းလဲလာ တိုက်ခိုက်လာနိုင်ခဲ့သည်။
ဥပမာ၊ ၂၀၀၈ အခြေခံဥပဒေကို ဆန္ဒမဲ ကို လုပ်ဆောင်သွားနိုင်ခြင်း နယ်ခြားစောင့်တပ်များကို အထိုက်အလျှောက် ပြောင်းလဲပေးနိုင်ခြင်းနဲ့  နယ်ခြားစောင့် တပ်ကို သဘောမတူသော ငြိမ်းချမ်းရေးယူထားသည့် တိုင်းရင်းသား လက်နက်ကိုင်များကို သတ်မှတ်ထားသော စက်ဝိုင်းအတွင်းတွင် စုစည်းအောင်းထိန်းထားနိုင်ခြင်းနဲ့ တပ်သား အင်အားနဲ့ လက်နက် အမျိုးအစားတည်ရှိမှုကို နားလည်သိရှိထားခြင်း၊ နယ်မြေပထဝီကို ယခင်ကထက်ပိုမို သိရှိထိကြွမ်းနားလည်ခြင်း နဲ့ နောက်ဆုံး ရွေးကောက်ပွဲကို ပြီးမြှောက်သွားရန် အတွက် ခင်းကျင်းနိုင်သည့်အခင်းအကျင်းများ ဖြစ်သည်။
အထက်ပါ အခြေအနေများ၊ ရလာဒ်များသည် လက်ရှိ အတိုက်အခံ နိုင်ငံရေး အုပ်စု နဲ့ စစ်အစိုးရတို့ ရဲ့  ဖြစ်တည်နေသော အခင်းအကျင်းဖြစ်ပြီး အတိုက်အခံနိုင်ငံရေး အုပ်စုရဲ့ ဦးဆောင်သူတို့  ရဲ့  အထက်ပါ ထောက်ပြတင်ပြသကဲ့သို့  တိုင်ပင်များလွဲ မှာခြင်းနဲ့  ဆုံးဖြတ်ချက် များ ဝေ့၀ါးကာ ကြန့်ကြာခြင်းကြောင့် ရရှိသော ဆိုးကျိုးနဲ့ အရှုံးများဖြစ်ပါသည်။
ထိုဆိုးကျိုး များ ခံစားရသည့်အတိုင်းအတာ ကာလအပိုင်းအခြားအရ အကျင့် စာရိတ္တပျက်စီးသော ပြည်သူ လူထုတို့ ရဲ့  အရေအတွက်၊ နိုင်ငံရေး သိက္ခာ မစောင့်တည်တော့ဘဲ မျက်စိတဆုံးသာကြည့်သော နိုင်ငံရေးနဲ့ တော်လှန်ရေး သမား အရေအတွက်များ ပြားလာသလို ၊ ကျွန်တော်တို့ ပြောင်းလဲလိုသည့် ဒီမိုကရေစီနိုင်ငံတော် ဖြစ်ဖို့ အတွက် ပြောင်းလဲရေး ကာလ နဲ့  အနာဂတ် တွင် ပြည်သူ ကဖေါ်ဆောင် တင်မြှောက် သည့် အရပ်သားအစိုးရတစ်ရပ်ပေါ်ပေါက်ဖို့  ဆို သည့် ကံကြမ္မာ ကလည်း များစွာပင် ကြန့် ကြာထိခိုက် မှုများဖြစ်သွား စေရပါ သည်။
နိုင်ငံရေး တွင် မိမိတို့ ရောက်နေသည့် လက်ရှိ အခြေအနေကို တိတိကျကျနဲ့ အကောင်းဆုံး အကဲမဖြတ်နိုင်မှုသည် ပိုမို ဆိုးရွားသော အမှားအယွင်းများကို တစ်ခုပြီးတစ်ခု ဖြစ်တာလာဖို့ ဖန်တီးပေးခြင်း သာဖြစ်ပေတော့သည်။
ပြောနေ၍မရ ၊လက်တွေ့ လုပ်ယူနိုင်ရမည်။
Labels: ဘယ်သူတွေမှာတာဝန်အရှိဆုံးလည်း, သတိပေးတိုက်တွန်းချက်, အုကံပေးခြင်း | ပို့စ်တင်သူ အတူတကွလက်တွဲကြစို့ ၂၀၁၀ ပန်းချီကားအစ၊
ယနေ့ ဖြစ်နေသောမြန်မာနိုင်ငံအခြေအနေသည် အလွန်ကိုစိတ်ဝင်စားစရာကောင်းသော
အခင်းအကျင်းတစ်ခုရဲ့ အစပျိုးဖြစ်သည်ဟုပြောနိုင်ပါသည်။
ကောင်းခြင်းအတွက်အစပျိုးတာလား ဆိုးခြင်းကို ဆက်သွားဖို့ အစပျိုးတာလားကို ပြောရန် အချိန်
သိပ် ပြီး မစောတော့ချေ။
မည်သို့ ပင်ဖြစ် စေ မြန်မာနိုင်ငံ၏ နိုင်ငံရေး တိုးတက်ပြောင်းလဲရေးအတွက် ဘက်စုံအလွှာစုံပူးပေါင်းပါဝင်ရပါမည်။
ပြည်အားသည်ပြည်တွင်းမှာသာရှိပါသည်။ အားလုံးစုပေါင်းတူညီစွာ လက်တွဲလုပ်ကိုင်နိုင်တတ် သော စိတ်နဲ့ 
မည်သည့်နေရာ ၊မည်သည့်အခင်းအကျင်းတွင် မဆို ၊ ရသည့်နေရာမှ စတင်၍ လက်တွဲလုပ်ဆောင်နိုင်ရ မည်ဆိုတဲ့
အသိ ကိုလူတိုင်းတွင် သွင်းနိုင် ဖို့ လိုသည်ဟုမြင်ပါသည်။
ဘယ်လောက်ဘဲ တော်တဲ့ နိုင်ငံရေးပါရဂူတွေကဘဲ ဦးဆောင်ပါစေ၊ ထိုအတူ လက်ရှိနဲ့ နောင်လာမဲ့ လူငယ်ဗိုလ်ချုပ်တွေက
ဘဲပြောင်း လဲချင် စိတ်ရှိပါ စေအုံး ၊ ပကတိနိုင်ငံရေးဖြစ်စဉ် ကို သေသေချာချာမကြည့်ဘဲ၊ လက်တွေ့ ပေါင်းစပ် မလုပ်တတ်လို့ 
ကတော့ မြန်မာနို်င်ငံတွင် နိုင်ငံရေးပြောင်းလဲခြင်းသည် ဘာဆိုဘာတစ်ခု မှမဖြစ်လာဘူး ဆိုတာတော့ ရဲရဲ နဲ့ ပြတ်ပြတ် ပြောလို့ 
နိုင်တဲ့ အခြေအနေတစ်ခုကတော့ မြန်မာနိုင်ငံမှာဖြစ်သွားနေပြီလို့ တွေ့ မြင်နေရပါသည်။
အားလုံးသော ပြည်သူတွေစဉ်းစားရတာ ကို တွေဝေအောင် ဆိုတာထက် ဖြစ်နေတဲ့  ဟော့ရှော့် သို့ မဟုတ် လူကြိုက် များသော
ခေါင်းစဉ် များနဲ့ အဖြေမထွက်နိုင်တဲ့ အခင်း အကျင်းများ ကို ပြည်သူ မှပါဝင်ဆောင်ရွက်ရန် တွန်းပို့ နေသည်။
ထိုအခင်းအကျင်းကိုဘဲ အားကြိုးမာန်တက် နဲ့  တနေ့  တခြား ထောင့် ပေါင်းစုံ၊အလွှာပေါင်းစုံ အသိုင်းဝိုင်းပေါင်းစုံ မှ ၊နယ်မြေပေါင်းစုံ
မြိုင်လာအောင် ခင်းကျင်းနေကြသည်။
ထိုကြောင့် ထို အခင်းအကျင်းကို ပြည်သူများကို အကျိုးကြောင်းတည့်တည့် တင်ပြဖို့ လိုပြီလို့ ထင်ပါသည်၊
ထိုအခင်းအကျင်းအောင်မြင်သွားလျှင်ကော ၂၀၁၀ရွေးကောက်ပွဲ ပျက်သွားမည်လား၊
ဆယ်ပိုင်းတစ်ပိုင်းအရပ်သားအစိုးရမပေါ်လာတော့ဘူး လားဆိုသည့်မေးခွန်းဖြစ်ပါသည်။
သေချာသည်ကတော့ ၂၀၁၀ရွေးကောက်ပွဲ ပျက်သွားဖို့ လည်း မရှိသလို ဆယ်ပိုင်းတစ်ပိုင်းအရပ်သားအစိုးရလည်း
ပေါ်ပေါက်လာအုံးမည်ဖြစ်သည်။
ပိုဆိုးသည်မှာဒီမိုကရေစီ သဘောနဲ့ အသွင်မတူသော ၊ဒီမိုကရေစီ မဆန်သော အခင်းအကျင်းများသည် ပို၍ပင်
ဖြစ်ပေါ်လာအုံးမည်ဖြစ်သည်။
သည့်အတွက် လက်တွေ့ အဖြေမရှိ၊ အကြောင်းနဲ့ အကျိုး ကို သေချာစွာ ဖေါ်ဆောင်လုပ်နိုင်တဲ့ လုပ်ဆောင်မှုတွေ
ကိုမခင်းကျင်း ဘဲ ထိပ်တိုက်ဆိုတဲ့ အခင်းတွေနဲ့  ခင်း ကျင်းသော ခေါင်းစဉ်တိုင်းသည် အမှန်တကယ်တော့
ပြည်အင်အား၊ ပြည်ရည်ရွယ်ချက်၊ ပြည် ဖွံ့ ဖြိုး တည် ဆောက် ရေးနဲ့ ကာလများကို ပိုမိုရှည်လျှားအောင်ဆွဲ ဆန့် 
လိုက်သလိုဖြစ်သွားမှာကို အလွန်ပင်စိုးရိမ်မိပါသည်။
ခေါင်းစဉ်ကြီးကြီးများ ဖြစ်လာနိုင်သည်များမှာ
ယခု လောလောဆယ်ကတော့ ရွေးကောက်ပွဲ မဲမပေးရေး။
ထို မှတဆင့် မဲဆန္ဒနယ်များမှာ မဲခိုးခြင်း၊မဲလိမ်ခြင်း ကို ဖေါ်ဆောင်ခြင်းပြသနာများ
ထိုမှတဆင့် ရွေးကောက်ပွဲမဲမပေးရေးကို ဖေါ်ဆောင်ခြင်းနဲ့ ဆက်စပ်ပြီးတော့ဖြစ်လာမဲ့ မဲအရေအတွက် နည်းပါးခြင်းကို
ထောက်ပြီး အယုံအကြည်မရှိခြင်းနဲ့ ပြည်သူထောက်ခံခြင်းနည်းပါးမှုကို ထိုးနှက်ခြင်းဖြင် နိုင်ငံတကာအသိုင်းအ၀ိုင်း
က တက်လာမဲ့  အစိုးရကို အသိမှတ်မပြုရေး ကိုဖေါ်ဆောင်ရေးတို့ ဖြစ်ပါသည်။
( သည့်အတွက် နောင်တက်လာမဲ့ သုံးပိုင်း လေးပိုင်း အရပ်သား အစိုးရအတွက် နိုင်ငံတကာ တွင်
မျက်နှာမလှသည့် အဖြစ်သို့ သာ ရင်ဆိုင်ရမည်ဖြစ်ပြီး သည့်ထက်ပိုသောအကြောင်းမရှိချေ။)
နောက်တက်လာသောမျိုးဆက်ဗိုလ်ချုပ်တို့ သည် အရင်ရင်ကသော ဗိုလ်ချုပ်များထက် နိုင်ငံ၊ လူမျိုးနဲ့ အချုပ်ချာအာဏာပိုင်စိုးခြင်း စဉ်းစားပုံစဉ်းစားနည်းများကား ၊ ကွာခြားလာသည်ကတော့ သေချာနေသည်။ ထို့ ကြောင့် နအဖကောင်စီဝင်တိုင်းသည် နိုင်ငံတော်လုံခြုံရေး ကောင်စီဆိုတဲ့ ဆိုင်း ဘုတ် ကို နားလည်ပါးရိုက် ပြီး နအဖ ကနေ သွားထိုင်မဲ့ အဖြစ်ကလည်းရေးရေး
လေးမြင်တွေ့ နေရပြီ ဖြစ်သည်။
ေ၇ွးကောက်ပွဲပြီးတာနဲ့ လွတ်တော်ခေါ်ဖို့ ကော၊ လွတ်တော်အရပ်ရပ်တွေ ဖြစ်ဖို့ စသဖြင့်စသဖြင့်
နဲ့  နအဖမှ ရွေးကောက်ပွဲအနိုင်ရပါတီက တင်မြှောက်သောအစိုးရကို အာဏာလွဲပြောင်းခြင်း။
ပြည်နယ်တိုင်း အစိုးရအဖွဲ့ များကို သက်ဆိုင်ရာအလိုက် လွဲပြောင်းပေးခြင်း၊
အာဏာပိုင်အဖွဲ့ အစည်းသုံးရပ်ကို အမြန်အကောင်ထည်ဖေါ်ခြင်း
ရွေးကောက်ပွဲ ရဲ့ ရလဒ်အဖြစ် နိုင်ငံရေး လက်ဦးမှုများကို အမြန် တက်သုတ်ရိုက် အခန်းဆက် များအနေ နဲ့  ထွက်ပေါ်လာမည်
မှာတော့အသေအချာဖြစ်သည်။
စဉ်းစားစရာတစ်ချက် မှာ နိုင်ဝင်ဘာလ ရရက်နေ့ တွင်ကျင်းပသော ရွေးကောက်ပွဲ နဲ့  ဒေါ်အောင်ဆန်းစုကြည် ကိုလွတ်ပေးရမည့်
ရက်မှာ အလွန်နီးကပ်နေသည့် အချက်ဖြစ်သည်။
( စကားချပ်။ ၊ ဖိအားပေါင်းစုံနဲ့ အလွန်လွန် ကို အလုပ်များက ရှုပ်သောအချိန်၊ ပြသနာ မီးပွားများ ဖြစ်နိုင်သော အချိန်အတောတွင်း နဲ့ 
ကွက်တိကြအောင် ဖန်တီးထားသည်။ ရွေးကောက်ပွဲ မှဖြစ်လာသောအကြောင်းအရာတိုင်းကို အတိုက်အခံ အားလုံးအနေ အထူးသတိ
ထားသင့်သည်။ လွန်ခဲ့သော အနှစ် ၂၀ ကကဲ့သို့ ထိပ်တိုက် အကြောင်းအရာများကို လည်း မလုပ်သင့်သလို ၊ ပြန်လည်ခင်းကျင်းမည့်
အခင်းအကျင်းတိုင်းကိုလည်း အလွန်လွန်သတိကြီးစွာထားကာ နိုင်ငံရေးပါးဝခြင်းများစွာနဲ့ အတူရင်ဆိုင်ဖို့ လို အပ်ပေသည်။
အလွန်လွန်ကို ရဲ လွန်းသော၊ အရင်းအနှီး အလွန်များလွန်းသော၊ နိုင်ငံရေးကစား ခြင်းလို့  လည်းမြင်ပါသည်။ )
တစ်ကောင်စား ကင်းဝင် ၊ ၀င်တဲ့ကင်းသေ တဲ့ ကျားထိုးပွဲများ
န၀တလည်း အခုမှ သူခင်းတဲ့အခင်းကျင်းကို ပြီးအောင်ကဖို့ နိုင်အောင်ကဖို့ ထက်နောက်တက် လာ တဲ့အစိုးရကို
ဘယ်လောက်ထိ သူတို့ နောက်က နေ ထိမ်းချုပ် ကိုင်တွယ် နိုင်မှ န၀တ အလွန်စိုးရိမ်သော တပတ်ပြန်လည် ဆိုတဲ့
အဖြစ်များကို မရောက်အောင် စီမံပြုလုပ်နေသည်ကိုလည်း သတိပြုမိပါသည်။
ထိုအတွက်ကြောင့်လည်း တချိန်က အမျိုးသားနိုင်ငံရေး ကိုသာလုပ်ဆောင်မည်ဟုကြွေးကျော်ချက်များနဲ့ တိုင်းပြည်အကျိုး
အတွက်လူမှုရေးအထောက်ကူပြု အခန်းတွင်သာနေမည်ဆိုသောအဆင့်တို့ ကလည်း ချက်ချင်းလက်ငင်းပြောင်းလဲပြစ်
လိုက်ရတော့သည်။
ထိုမှသာ တက်လာသော အစိုးရကို အပြည့်အ၀ စိတ်မချရသည့်တိုင်အောင် စိတ်ပူပန်ကြောင့်ကြခြင်းမရှိဘဲ၊နေနိုင်သလို
စစ်ကောင်စီတွင် ၀င်ရောက် နေရာယူခြင်းဖြင့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးတွင် နောက်ကွယ်မှ ကာလအတန်ကြာသည်ထိ အာဏာ
ကို ထိမ်းသိမ်းနိုင်အုံးမည်ဖြစ်သည်။
ထိုအတွက်ကြောင့် ရွေးကောက်ပွဲ အရ တက်လာသည့်အစိုးရဟုဆိုစေကာမှု ကိုယ်ပိုင် အာဏာမရှိသည့် နိုင်ငံတော်ရဲ့  ပါလီမန်
အစိုးရတစ်ရပ် အဖြစ်တည်ရှိနေဦးမည်ဆိုတာသေချာသလောက်ရှိသည်။ အနည်းဆုံး ရွေးကောက်ပွဲ ၂ ခါကျင်းပပြီးရတက်လာ
သောအစိုးရသည် လက်ရှိ နအဖ အဖွဲ့ ရဲ့ သြဇာ နဲ့ မကင်းနိုင် ချေ။
စစ်အာဏာရှင်များရဲ့လောင်းရိပ်ကင်းသည့်အရပ်သားများသည့် အစိုးရတစ်ရပ်ပေါ်ပေါက်ရန် အတွက် ကျွန်တော်တို့ 
အနည်းဆုံး ရွေးကောက်ပွဲ လေးငါး ကြိမ် မက ကျင်းပတာကိုဖြတ်သန်းပေးရဦးမည်ဖြစ်သည်။
သည့်နောက်ပိုင်းတွင် စစ်အာဏာရှင်နဲ့လောင်းရိပ်ကင်းသော အရပ်သား နိုင်ငံရေးသမားအရည်တွက်များသည့်
အရပ်သား အစိုးရကိုစတင်ရနိုင်ပေသည်။
ထိုအချိန်မှ စတင်ပြီးတော့ ၂၀၁၀ အခြေခံဥပဒေတွင်ပါဝင်နေသော တပ်မတော်မှ
၂၅% ကို ဖြုတ်ချဖို့ ထက်လျှော့ချဖို့ ဆိုတာမျိုးနဲ့  တပ်မတော်က ယူထားသော အထူးအာဏာများကို လျှော့ချရန် ပြောဆို
ဆွေးနွေးနိုင်ပေမည်။
ထိုသို့ လောင်းရိပ်ကင်းသော ၊လောင်းရိပ်ကင်းစပြုသော အရပ်သားအစိုးရတစ်ရပ်ပေါ်ပေါက်ဖို့ ရာအများဆုံး
ဖြစ်နိုင်သည် နှစ်အပိုင်းအခြားမှာ ၂၀၂၅ လောက် မှသာဖြစ်နိုင်ပေသည်။
လောင်းရိပ်ကင်းသော အရပ်သားအစိုးရ တစ်ရပ် သို့ မဟုတ် အရပ်သားများကြီးစိုးသော အစိုးရတစ်ရပ်သည်
မြန်မာနိုင်ငံတွင် တိုင်းရင်းသားပြည်နယ်နဲ့ တိုင်းဒေသကြီးများတွင် အစောဆုံးပေါ်ထွက်လာနိုင်သည် ကိုလည်း
သတိပြုမိပါသည်။
ထိုမှတဆင့်အခြေပြုပြီး ပြည်ထောင်စုအစိုးရတွင် စစ်အာဏာရှင်အသိုင်းဝိုင်းနဲ့ လောင်းရိပ်ကင်းသော အစိုးရတစ်ရပ်
အဖြစ်ရောက် လာပေတော့မည်လို မြင်ပါသည်။